Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540

Monday, 12 October 2020 10:20
ကိုဗစ် ၁၉ ဒုတိယလှိုင်းတွင် ကုန်စိမ်းတင် ဆောင်သည့်ကားများ မကွေးမြို့သို့ အဝင်နည်းသည့်အတွက်

Monday, 12 October 2020 10:04
Onlineမှ ဆီလုပ်ငန်းများကို ၄၀ကြိမ်မြောက်လိုင်စင်ထောက်ခံချက်ထုတ်ပေးပြီးစာရင်း

Saturday, 10 October 2020 18:20
ကယားပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် တောင်သူများသည် စားဝတ်နေရေး အဆင်ပြေစေရန် မိသားစုတစ်ပိုင်တစ်နိုင် သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလျက် ရှိကြရာ ယခုအခါ ကိုဗစ်ကာလ အကြပ်အတည်းတွင် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိသော်လည်း ဈေးကွက်အခက်အခဲကြောင့် တောင်သူများမှာ အခက်အခဲကြုံတွေ့နေရသည်။   သီးနှံဈေးကွက် အခက်အခဲကြုံတွေ့နေရကြောင်းကို လင်ဖုံလေးကျေးရွာရှိ တောင်သူ ဦးခွန်မောင်သန်းက “ဒီရွာမှာ အဓိကလုပ်ကိုင်တာကတော့ ဟင်းသီးဟင်းရွက်သီးနှံတွေ အဓိကပေါ့။ မိုးချိန်ဆို တောင်ယာပြောင်း ပေါ့။ ဆောင်းချိန်တော့ သီးနှံပေါ့နော် ဒါတွေနဲ့လုပ်ကိုင်စားသောက်တယ်။ အဓိကကတော့ ကြက်သွန်၊ ခရမ်းချဉ်၊ ပန်းမှုံလာ၊ ဂေါ်ဖီထုပ်ပေါ့။ အရင်တုန်းကဈေးနှုန်းနဲ့ အခုကာလနဲ့ဆိုတော့ ဈေးနှုန်းကွာဟမှု ရှိပါတယ်။ အခုကိုဗစ်ကာလ သီးနှံဈေးနှုန်းလည်းမတည်မငြိမ် နောက်ဈေးသွားဈေးလာ အရောင်းအဝယ် လည်း အဆင်မပြေပါဘူး။ ကိုဗစ်မဖြစ်ခင်က သီးနှံရောင်းရလည်း အဆင်ပြေပါတယ်။ အခု ကိုဗစ်ကာလ စီးပွားရေးအခြေအနေကတော့ တော်တော်လေးကျဆင်းပါတယ်။ စီးပွားရေးအခက်အခဲတွေတော့ အများကြီး ရှိတယ်။ သီးနှံတွေရောင်းတော့လည်း ပွဲစားက မဝယ်လိုတော့ဘူး။ ဥပမာ (၁၀၀) ရောင်းစားရမယ့် အစား (၁၀)လောက်ပဲ ရောင်းစားရတယ်။ ရင်းနှီးထားတာနဲ့ အခုပေါက်တဲ့ဈေးနှုန်းနဲ့ မကိုက်တော့ အရင်းလောက်ပဲ ပြန်ရပြီး အမြတ်မရှိတာကြောင့် သက်ဆိုင်ရာအကြီးအကဲတွေက ဈေးကွက်ရှာပြီး ဆောင်ရွက်ပေးစေလို့ တယ်။ အရင် ကြက်သွန်ဈေးက ကျပ် (၃၀၀၀)လောက်ရတယ်။ ယခုကတော့ ကျပ် (၂၀၀၀) ဈေးပေါက်လည်း ဝယ်သမား မရှိဘူး” ဟု ပြောကြားခဲ့သည်။   နေ့စား လုပ်ကိုင်နေသည့် ဒေါ်နန်းညွှန့်ရင်က “ကိုဗစ်ရောဂါဝင်တဲ့ချိန်မှာ ဝင်ငွေက ကျပ် (၅၀၀၀)ရမယ့် အစား ကျပ် (၂၀၀၀) လောက်ပဲရတာပေါ့။ မိသားစုကလည်း များတဲ့အတွက်ဆို နည်းနည်းကြပ်တည်း တာပေါ့။ ကိုဗစ်ရောဂါ မြန်မြန်ပျောက်စေချင်တာဘာ။ ဖြစ်လို့လဲဆိုတော့ ရှာစားရတာလည်း လွယ်တာပေါ့။ မိသားစုများတဲ့အချိန်မှာ ဒီလိုမျိုး ကိုဗစ်မပျောက်နိုင်တဲ့အတွက်ဆိုရင်တော့ သားသမီးကလည်းများ အလုပ်လည်း မသွားနိုင်ဘူး။ နေ့တိုင်း အလုပ်မရှိဘူး” ဟု ပြောကြားခဲ့သည်။   လွိုင်ကော်မြို့ နွားလဝိုးကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာရှိ တောင်သူများသည် မိရိုးဖလာအသက်မွေး ဝမ်းကြောင်း​အဖြစ် စိုက်ပျိုးရေးလုပ်ငန်းအား မိသားစုတစ်ပိုင်တစ်နိုင် သီးနှံစိုက်ခင်းများ ထွန်ရက်စိုက်ပျိုးခဲ့​ကြသည်။ လင်ဖုံလေးကျေးရွာတွင် အပေါ်ရွာ အောက်ရွာပေါင်း အိမ်ခြေ (၃၀၀)ကျော်ရှိပြီး တစ်၀က်လောက် က လက်လုပ်လက်စားများဖြစ်ကြသည်။   By Myanmar Food Guide

Saturday, 10 October 2020 18:08
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု CERP အစီအစဉ် အရ

Friday, 09 October 2020 12:42
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီး၊ ဟင်းရွက်သီးနှံများကို ရာသီအလိုက်

Friday, 09 October 2020 12:13
အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့ကုန် ပဲအမျိုးအစားများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငှံနှင့် ကုလားပဲများ

Friday, 09 October 2020 11:41
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေးအစီအစဉ်

Friday, 09 October 2020 09:58
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ သွင်းကုန်ကျန်းမာရေးထောက်ခံချက် လျှောက်ထားသူများ

Thursday, 08 October 2020 16:34
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်