Myanmar
Friday, 28 August 2020 11:35
ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) ဆန်ဈေးနှုန်းများ
Friday, 28 August 2020 10:06
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ပသို့ ဆန်တင်ပို့မှုစာရင်း
Friday, 28 August 2020 09:37
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဝက်သားဆိုင်ဖွင့်လှစ် ရောင်းချခွင့်ကို ဆိုင်ပေါင်း (၅၂) ဆိုင်ကို လေလံစနစ်နဲ့ ရောင်းချရာ ငွေကျပ်သိန်းပေါင်း ၄၈၀၀ကျော် ( ၄၈၁၃၂၆၀၀၀) ရရှိခဲ့ကြောင်း သိရသည်။
Thursday, 27 August 2020 16:43
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ မိုးစပါးစိုက်ပျိုးရာသီအတွက် မျိုးစေ့ထုတ်တောင်သူများအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သော တောင်သူများအား မျိုးစေ့နှင့် စိုက်ပျိုးစရိတ် ထောက်ပံ့ငွေပေးအပ်ပွဲကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၇ရက်နေ့ နံနက် ၉ နာရီက ညောင်ပင်ကြီး နည်းပညာပေးစင်တာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Thursday, 27 August 2020 16:28
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ၂၀၂၀ ပြည့်နှစ် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းဆောင်ရွက်မည့် တောင်သူများ အား ပထမအကြိမ်မျိုးစေ့ဘိုးနှင့် စိုက်ပျိုးစရိတ် ထောက်ပံ့ငွေပေးအပ်ပွဲကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၇ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါသည်။
Thursday, 27 August 2020 16:03
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ COVID-19 ရောဂါကာလအတွင်း စီးပွားရေး ကုစားမှုအစီအစဉ် (CERP)အရ ဒေသခံတောင်သူများထံ မျိုးစေ့နှင့်စိုက်ပျိုးစရိတ် ထောက်ပံ့ငွေများကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၆ရက်နေ့ နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှာ ပေးအပ်ခဲ့တယ်လို့ သိရပါသည်။
Thursday, 27 August 2020 15:53
ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရေးနှင့် ငါးသယံဇာတများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စပါးခင်းများအတွင်း ငါးမျိုးများ စိုက်ထည့်ခြင်းကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၇ရက်နေ့ နံနက် ၈ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာမှာ ပြုလုပ်ခဲ့ပါသည်။
Wednesday, 26 August 2020 16:43
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် စတော်ဘယ်ရီ စိုက်ပျိုး တောင်သူများ ဈေးကောင်းရရှိရန်အတွက် ပုံမှန်စိုက်ပျိုးချိန်ထက်စော၍ စိုက်ပျိုးလျက်ရှိကြောင်း စတော်ဘယ်ရီ စိုက်ပျိုးတောင်သူ ဦးထွန်းစိန်က ပြောကြားခဲ့ပါသည်။
Wednesday, 26 August 2020 15:10
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ပျိုးသော ရာသီအတွက် မျိုးစေ့ထုတ်တောင်သူများအား ကိုဗစ်-၁၉ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၆ရက်နေ့ နေ့လယ်၁နာရီက အ.လ.က ကျောက်ထောင့်၊ ကျောင်းခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။