Myanmar
Wednesday, 26 August 2020 15:05
ဧရာဝတီတိုင်းဒေသကြီ၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)အရ မိုးစပါး RS to CS မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၆ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါသည်။
Wednesday, 26 August 2020 15:02
COVID-19 စီးပွားရေးကုစားမှုအစီအစဉ် CERP ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း Rs-Cs မျိုးသန့် မျိုးစေ့ထုတ် စိုက်ပျိုးမည့် တောင်သူများအား ဒုတိယအရစ် ထောက်ပံငွေပေးအပ်ခြင်းကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၆ရက်နေ့ နံနက်(၉) နာရီခွဲ က လားရှိုးမြို့ ဟူးမွန်ကျေးရွာ ရှင်းလင်းဆောင်ခန်းမမှာ ကျင်းပခဲ့ပါသည်။
Tuesday, 25 August 2020 15:13
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် မျိုးစပါး၊ မျိုးစေ့ထုတ်ဧက(၁၅၀၀)ကို (CERP)အရ စိုက်ပျိုး လျက်ရှိပါသည်။
Tuesday, 25 August 2020 15:06
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှဦးစီး၍ ဌာနဆိုင်ရာများနှင့်အတူ ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၅ရက်နေ့ နံနက်(၉)နာရီတွင် ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာ၊ စံပြစပါး စိုက်ခင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။
Tuesday, 25 August 2020 14:59
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးထိခိုက်မှု ကုစားမှုအစီအစဉ် (CERP) အရ မျိုးစေ့ထုတ်တောင်သူစုစုပေါင်း (၂၁)ဦးအား စိုက်ဧက(၅၀)စာအတွက် မျိုးစေ့ဖိုးနှင့် စိုက်စရိတ် ထောက်ပံ့ငွေစုစုပေါင်း (၄၁)သိန်းကျော်အား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၅ရက်နေ့ နံနက် (၁၀) နာရီအချိန် က မူဆယ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးဟောင်း)၊ အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါသည်။
Tuesday, 25 August 2020 10:59
တောင်ငူမြို့နယ်၌ COVID-19 စီးပွားရေး ကုစားမှု COVID-19 Economic Relif Plan (CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း အတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၅ရက်နေ့ နံနက် ၁၀ နာရီ အချိန် က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Tuesday, 25 August 2020 10:41
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ် CERP အရ မိုးစပါးမျိုး ပြတ်လပ်မှုမရှိစေရန်နှင့် တောင်သူများအနေဖြင့် မျိုးကောင်း၊ မျိုးသန့်စပါးမျိုးများ ပြောင်းလဲသုံးစွဲရာတွင် အဆင်ပြေစေရေးအတွက် မျိုးကောင်းမျိုးသန့် မိုးစ ပါး RS to CS အစေ့ထုတ်ကွက် ဧက(၃၀၀)ကို စိုက်ပျိုးသွားမည်ဖြစ်ရာ ယခုအခါ ၂၀၄ ဧက စိုက်ပျိုးပြီးစီးနေပြီး ချင်းတွင်းမြစ် ရေကျဆင်းချိန်တွင် ၉၆ ဧက ကိုဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရပါသည်။
Monday, 24 August 2020 16:00
COVID.19 ကာလအတွင်း စီးပွားရေး ထိခိုက်မှုမရှိစေရေးအတွက် စိုက်ပျိုးလုပ်ကိုင်သူတောင်သူများအား (CERP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးခြင်းလုပ်ငန်းများကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် အတွင်းရှိ ကျေးရွာ(၁၃)ရွာတွင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါတယ်။
Monday, 24 August 2020 11:55
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ယခုနှစ် မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေ များကို တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် ထုတ်ချေးပေးပြီး ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးစန်းညွန့်ထံမှ သိရပါတယ်။