Myanmar
အဆီကျစေတဲ့ ကြက်သွန်နီသုပ်
ကြက်သွန်နီကို ဟင်းချက်နည်းမျိုးစုံအတွက် အသုံးပြုပြီး စားသုံးနေကြပါတယ်။
ယနေ့တွင်တော့ ခန္ဓာကိုယ်မှာအဆီများပြီး အ၀လွန်နေတဲ့ အိမ်ရှင်မတွေအတွက် အဆီကျစေတဲ့ ကြက်သွန်နီသုပ်လေးကို သုပ်ကြည့်လိုက်တော့နော်။ သုပ်နည်းလေးကိုတော့ အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ကြက်သွန်နီ၊ သံပရာသီး၊ သခွားသီး၊ ငရုတ်သီးစိမ်း၊ ဆား၊ ကြက်သွန်မြိတ်၊ နံနံပင် တို့လိုအပ်ပါမယ်။
ပထမဦးဆုံး ကြက်သွန်နီကို အခွံခွာပြီး ပါးပါးလှီး၍ ပန်းကန်ထဲထည့်ထားပါ။
ပြီးလျှင် သံပရာသီးညှစ်ထည့်ပါ။
သခွားသီးထည့်ချင်ရင်လည်း ပါးပါးလှီး၍ ထည့်နိုင်ပါတယ်။
အစပ်ကြိုက်ပါက ငရုတ်သီးစိမ်းအနည်းငယ် လှီးထည့်နိုင်ပါတယ်။
ပြီးနောက် ဆား၊ ကြက်သွန်မြိတ်၊ ဟင်းခတ်မှုန့်၊ နံနံပင်ကို ထည့်ပြီး သုပ်နိုင်ပါတယ်။
ကြက်သွန်သုပ်ကို ဒီအတိုင်း မစားချင်လျှင် ထမင်း၊ ကြာဇံကြော်၊ ပဲပလာတာ၊ ခေါက်ဆွဲကြော် အစရှိသဖြင့် ၎င်းနှင့် လိုက်ဖက်မယ့် အစားအစာများနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။