Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငှက်ပျောသီးပေါင်မုန့်ကိတ်ပြုလုပ်နည်း

ကလေးများနှင့် လူကြီးများပါကြိုက်နှစ်သက်ကြပြီး ဆိုင်တွင်လည်းသွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ငှက်ပျောသီး ပေါင်မုန့် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

 

ပါဝင်ပစ္စည်းများကတော့ ငှက်ပျောသီး၊ သကြား၊ Baking Soad, ပေါင်မုန့်ဂျုံ၊ ကိတ်ဂျုံ၊ ဆား၊ ကြက်ဥ၊ ဆီ၊ ရေ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ငှက်ပျောသီးကို အခွံခွာပြီး ဇလုံတစ်လုံးထဲသို့ထည့်ပါ။ ပြီးလျှင် ဆား၊ သကြာထည့်ပြီး ငှက်ပျောသီးကို ကျေအောင် ချေပေးထားပါ။

 

ပြီးနောက် အဖုံးအုပ်ပြီး ရေခဲသေတ္တာထဲမှာ တစ်နာရီကျော်ကျော်ထည့်ပြီး အအေးခံထားပါ။

 

ပြီးလျှင် ကြက်ဥကို ခလောက်ထားပါ။  ပြီးနောက် နှပ်ထားတဲ့ ငှက်ပျောသီးကို ကြက်ဥခလောက်ထားတဲ့ဇလုံထဲသို့ထည့်၊ နို့စိမ်းထည့်ပြီး သမအောင် ရောမွှေပေးထားပါ။

 

ပြီးနောက် Baking Soad, ပေါင်မုန့်ဂျုံ၊ ကိတ်ဂျုံ တို့ကို ငှက်ပျောသီး၊ ကြက်ဥ၊ နို့စိမ်းထည့်ခလောက်ထားတဲ့အထဲသို့ ဖြည်းဖြည်းချင်းထည့်ပြီး ရောမွှေပေးပါ။

 

ပြီးရင်တော့ မုန့်ဖုတ်မည့် ခွက်အထဲသို့ လောင်းထည့်လိုက်ပါ။  ၁၈၀ ဒီဂရီစင်တီဂရိတ်ဖြင့် အပူပေးထားတဲ့ အာဗင် ထဲသို့ ၄၅ မိနစ်ကြာအောင် ပေါင်မုန့်ကို ဖုတ်လိုက်ပါ။

 

လေးဆယ့်ငါးမိနစ်ကြာသော် ပေါင်မုန့်ကျက်မကျက်ကို ဝါးတုတ်တံလေးဖြင့် ထိုးကြည့်လျှင် ဝါးတုတ်တံတွင် ပေါင်မုန့်ကပ်မပါလျှင် ပေါင်မုန့်ကျက်ပြီဖြစ်ကြောင်း သိနိုင်ပါတယ်။

 

ပြီးရင်တော့ မိသားစု နေ့လည်နေ့ခင်းပဲဖြစ်ဖြစ်၊ အလှူအတန်းမှာပဲဖြစ်ဖြစ် အိမ်တွင် ကိုယ်တိုင်ကိုယ်ကျ စိတ်တိုင်းကျ ပြုလုပ်ခဲ့တဲ့ ငှက်ပျောသီး ပေါင်မုန့်ကိတ်လေးကို မိသားစုများ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(2 votes)