Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ကြက်ကချင်ချက်

ကချင်ရိုးရာအစားအစာကြိုက်နှစ်သက်သူများအတွက် ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း

လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ကြက်ကချင်ချက် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ ဆီ၊  ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ ဆား၊ ချင်း၊ ကြက်သားမှုန့်၊ ငံပြာရည်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်းမှုန့် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီး အတုံးသေးသေးလေးတွေဖြစ်အောင် လှီးဖြတ်ထားပါ။

 

ပြီးလျှင် ဆား၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ချင်းတို့နဲ့ မိနစ်အနည်းငယ်ကြာ နှပ်ထားပါ။

 

ပြီးနောက် ဒယ်အိုးထဲသို့ ဆီထည့်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထောင်းပြီးသားကို ဆီသတ်ပေးပါ။

 

အနံ့မွှေးလာလျှင် ငံပြာရည်ထည့်လိုက်ပါ။ ပင်စိမ်းထည့်ပါ၊ ငရုတ်သီးစိမ်းထက်ခြမ်းခွဲပြီးထည့်ချက်ပါ။ ပြီးလျှင် ကြက်သားကိုထည့်လိုက်ပါ။ ပြီးနောက် ရေအနည်းထည့်ပြီးတည်ပေးပါ။

 

တည်နေစဉ် အဖုံးခဏ အုပ်ထားပါ။ ရေခမ်းအောင်စောင့်ပြီး ထပ်မွှေပေးပါ။ ပြီးနောက် ခဏထားပြီး ရေကိုကြက်သားမြုပ်အောင်ရေထပ်ထည့်ပါ။ အဖုံးအုပ်ထားပြီး နာရီဝက်ခန့်တည်ပါ။

 

ဆီပြန်လာရင်တော့ ကျန်တဲ့ပင်စိမ်းကို ထပ်ထည့်ပါ။ ပြီးရင်တော့အရသာရှိပြီး ထမင်းမြိန်စေတဲ့ ကြက်သားကချင် ချက် ဟင်းတစ်မယ်ကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 10 December 2018 16:48
Rate this item
(2 votes)