Myanmar
ထမင်းမြိန်စေမယ့် ငါးရံ့ခြောက်၊ ဒန့်သလွန်သီးနှင့်ရုံးပတီသီးဟင်း
အရည်သောက်လေးနဲ့စားချင်သူများအတွက် ထမင်းလည်းမြိန်စေမယ့် ငါးရံ့ ခြောက်၊ ဒန့်သလွန်သီးနှင့် ရုံးပတီသီးဟင်း စုပေါင်းချက်ထားတဲ့ ဟင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ငါးရံ့ ခြောက်၊ ဒန့်သလွန်သီး၊ ရုံးပတီသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ မန်ကျည်းသီးမှည့်၊ ငရုတ်သီးစိမ်း၊ နနွင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ငါးရံ့ခြောက်ကို အတုံးငယ်လေးများတုံးကာရေကြက်သီးနွေးလေးဖြင့်စိမ်ထားပါ။
ပြီးလျှင် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ ကိုရောပြီးညှက်အောင်ထောင်းပါ။
အစပ်စားချင်သူများအတွက် စပ်ရှိန်းရှိန်းလေးစားချင်ရင် ငရုတ်ခြောက်တောင့် ၃ တောင့်လောက်ပါရောထောင်းပါ။
ခရမ်းချဉ်သီးကို လှီးဖြတ်ထားပါ။
ပြီးလျှင် ဒန့်သလွန်သီးတွေကို ဓါးနဲ့ခြစ်ထုတ်ပြီး လက်တစ်ဆစ်ဆာ အရှည်လောက်ပိုင်းဖြတ်ပါ။
ပြီးနောက် ဒယ်အိုးထဲသို့ နနွင်းမှုန့်၊ အရောင်တင်မှုန့်နှင့်ရောထောင်းထားသော အရောကို ထည့်ပြီးခရမ်းချဉ်သီးတွေကိုလည်း ဖြန့်ထည့်လိုက်ပါ။
ပြီးနောက် ငါးငံပြာရည်၊ ဟင်းခတ်မှုန့်တို့နှင့် အရသာဖြည့်စွက်ပါ။
ပြီးလျှင် ဆီကိုဒယ်အိုးပတ်လည်မှ အနည်းငယ်လောင်းထည့်ကာ မွှေပေးစရာမလိုလောက်တဲ့ မီးအရှိန်မှာ ဆီပြန်လာသည်အထိချက်ပေးပါ။
ဆီပြန်လာပြီဆိုရင်တော့ရေနွေးစိမ်ထားတဲ့ငါးခြောက်တွေထည့်ကာ ညင်သာစွာမွှေပေးပါ။ ပြီးရင်တော့ ရေအနည်းငယ်ဖြည့်စွက်ပြီးနောက် တစ်ကြိမ်ဆူပွက်လာသည်အထိချက်ပေးပါ။
နောက်တစ်ဖန် ပြန်လည်ဆူပွက်လာပြီဆိုရင်၊ ဒန့်သလွန်သီးတွေထည့်ကာဖြည်းညင်းစွာသမအောင်မွှေပေးပါ။
ပြီးတော့မှ မန်ကျည်သီးမှည့်အရည်လေးအနည်းငယ်လောင်းထည့်ပါ။
နောက်ဆုံးမှ ငရုတ်သီးစိမ်း၊ ရုံးပတီသီးတွေထည့်ပြီး ခေတ္တအဖုံးပြန်ပိတ်ထားပေးပါ။
နံနံပင် ကြိုက်တဲ့လူတွေကလည်း နံနံပင်လေးကို အပေါ်မှ အုပ်ပေးနိုင်ပါတယ်။



