Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အင်းလေးဒေသအစားအစာဖြစ်တဲ့ ငါးဒုက္ခကြော်

အင်းလေးမရောက်ဖြစ်လည်း အိမ်တွင် ကိုယ်တိုင်ကိုယ်ကျ လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ငါးဒုက္ခကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ တီလားဗီးယားငါး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ စပါးလင်၊ ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ ရှမ်းနံနံ၊ နံနံပင်၊ ပင်စိမ်း၊ ဆား၊ ငါးငံပြာရည်၊ ပဲငံပြာရည်အကျဲ၊ သကြား၊ နနွင်းမှုန့်၊ ဆီ  တို့ ပါဝင်ပါမယ်။

 

ပထမဦးဆုံး ငါးကို အကြေးခွံခွှာ ကြောခွဲပြီး ရေဆေးသန့်စင်ထားပါ။

 

ပြီးလျှင် ငါးအပေါ်ယံကို အနည်းငယ်မွှန်းပေးပါ။

 

ပြီးနောက် သန့်စင်ထားသောငါးကို ဆား၊ နနွင်း တို့ဖြင့် နယ်ပြီး ခဏထား ထားပါ။

 

ပြီးလျှင် ရှမ်းနံနံ၊ နံနံပင်၊ ပင်စိမ်း၊ စပါးလင်၊ ချင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ကို တစ်ခုချင်းစီ နုတ်နုတ်စဉ်းပေးထားပါ။

 

ပြီးနာက် ခရမ်းချဉ်သီးများကို အတုံးသေးလေးများဖြစ်အောင် လှီးပေးထားပါ။

 

ပြီးလျှင် မီးဖိုပေါ်ဒယ်အိုးတင်ပြီး အိုးပူလာအောင်ထားပါ။ အိုးပူလာရင် ဆီ အနည်းငယ်သာထည့်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ စပါးလင်၊ တို့ကိုဆီသပ်ပေးပါ။

 

ပြီးနောက် အနည်းငယ်မွှေးလာရင် ခရမ်းချဉ်သီးထည့်ပြီး မွှေပေးပါ။

 

အရသာအတွက် ဆား၊ ငါးငံပြာရည်၊ ပဲငံပြာရည်အကျဲ၊ သကြားတို့ကိုထည့်ပြီး မွှေးပေးပါ။

 

မိနစ်အနည်းငယ်ခန့်ကြာလာလျှင် ငရုတ်သီးစိမ်း၊ ရှမ်းနံနံ၊ ပင်စိမ်း၊ နံနံပင် တို့ကိုထည့်ပြီး အနည်းငယ်နွမ်းလာသည်အထိ ချက်ပေးပါ။ နောက်မိနစ်အနည်းငယ်ခန့်ကြာလာရင် မီးပိတ်ပြီး အိုးကိုချလိုက်ပါ။

 

ပြီးရင်တော့ ကြောခွဲထားတဲ့ ငါးထဲကို ချက်ထားတဲ့အနှစ်ကိုထည့်ပြီး ငါးပတ်ပတ်လည်ကို နှီးနဲ့ပတ်ပြီးချည်ပေးပါ။ ပြီးရင် ဒယ်အိုးထဲကို ဆီများများထည့်ပြီး ဆီပူလာအောင်ထားပါ။

 

ဆီပူလာပြီဆိုမှ ငါးကိုထည့်ပြီးကြော်လိုက်ပါ။ တစ်ဖက်ကရွှေညိုရောင်သမ်းလာရင် နောက်တစ်ဖက်ကိုလှန်ပြီး ကြော်ပေးလိုက်ပါ။

 

နှစ်ဖက်လုံး ကြော်လို့ပြီးရင် ဆယ်ပြီး ပန်းကန်ပြားထဲထည့်ကာ ထမင်းပူပူလေးနဲ့အတူ တွဲဖက်စားသုံးလိုက်ရင် အရမ်းအရသာရှိပြီး အင်းလေးဒေသ အစားအစာဖြစ်တဲ့ ငါးဒုက္ခကြော်ကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(2 votes)