Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်အူချောင်းနဲ့ ချိုချဉ်စပ်မွှေး ထမင်းကြော်

ချိုချဉ်စပ်မွှေးထမင်းကြော်တွင် ကြက်အူချောင်း/ဝက်အူချောင်း ပါတဲ့အတွက် ချိုတဲ့အရသာရယ်၊ မုန်ညှင်းချဉ်၊ ရှမ်းချဉ်ပါလို့ ချဉ်တဲ့အရသာရယ်၊ ငရုတ်သီးအကြမ်းမှုန့်နည်းနည်းထည့်ထားလို့ စပ်တဲ့ အရသာရယ်၊ နံနံပင်အရိုးကို အသုံးပြုထားလို့ မွှေးတဲ့ အရသာကို ခံစားရမှာဖြစ်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ထမင်း၊ ဝက်အူချောင်း၊ ကြက်ဥ၊ မုန်ညင်းချဉ်၊ မုန်လာဥနီ၊ နံနံပင်အရိုး၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ဟင်းခတ်မှုန့်၊ ကြက်သားမှုန့်၊ ငရုတ်သီးအကြမ်းမှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ဝက်အူချောင်း၊ မုန်လာဥနီ၊ မုန်ညင်းချဉ်တို့ ကို အတုံးအသေးလေးတွေ တုံးထားပါ။

 

ပြီးလျှင် ကြက်ဥကို ခလောက်ထားပါ။ ကြက်သွန်ဖြူ ကိုတောက်တောက်ဆင်းထားပါ။

 

ပြီးနောက် ဒယ်အိုးတစ်ခုထဲတွင် ဆီ ထည့်၊ အပူပေးပြီး ဆီပူလာလျှင် ခလောက်ထားသောကြက်ဥကို ထည့်၍ မွှေကြော်ပါ။ ပြီးလျှင် ပန်းကန်တစ်ခုထဲထည့်ထားပါ။

 

ပြီးလျှင် ကြက်ဥကြော်ထားသော ဒယ်အိုးထဲကို ဆီ ထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူကို ဆီသတ်ပါ။

 

Read More >>>>>> ရာသီဥတု ပူပြင်းတဲ့အချိန်မှာ ဖာလူဒါ လုပ်သောက်ကြရအောင်

 

ပြီးနောက် ကြက်သွန်ဖြူ မွှေးလာလျှင် ဝက်အူချောင်းကို ထည့်ကြော်ပါ။ ကျက်လျှင် မုန်ညင်းချဉ်နှင့် မုန်လာဥနီတို့ ကိုထည့်ပါ။

 

ပြီးလျှင် ထမင်းကိုထည့်၊ ပဲငံပြာရည်၊ ဟင်းခတ်မှုန့်၊ ကြက်သားမှုန့်၊ ငရုတ်သီးအကြမ်းမှုန့့် တို့ ကိုထည့်၍ ကြော်ပါ။ နေရာနှံ့သွားရင် နောက်ထပ် နှစ်မိနစ်လောက်ကြော်ပြီး နံနံပင်အရိုးများနှင့် ကြော်ထားသော ကြက်ဥတို့ ကိုထည့်၍ နှံ့အောင်ကြော်ပါ။

 

ပြီးရင်တော့ ဝက်အူချောင်းနဲ့ ချိုချဉ်စပ်မွှေး ထမင်းကြော်ကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 29 April 2019 16:01
Rate this item
(1 Vote)