Myanmar
ကလေးများအကြိုက်တွေ့စေမယ့် ပုစွန်ပြောင်းဖူးကြော်
အိမ်ရှင်မတို့အတွက် လွယ်လူတကူပြုလုပ်နိုင်ပြီး ကလေးများအကြိုက်တွေ့စေမယ့် ပုစွန်ပြောင်းဖူးကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ပုစွန်၊ ငါးဖယ်၊ ပြောင်းဖူး၊ ကြက်ဥ၊ ဆား၊ သကြား၊ ငရုတ်ကောင်း၊ နှမ်းဆီမွှေး၊ ကော်မှုန့်၊ ပဲငံပြာရည်အနောက် တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ပုစွန်ကို အခွံနွှာပြီး ရေဆေးသန့်စင်ထားပါ။ ပြီးလျှင် ငါးဖယ်ကို အရိုးပြောင်အောင်စစ်ထားပါ။
ပြီးလျှင် ပြောင်းဖူးကို ရေဆေးပြီး ဓားနှင့် အပေါ်ယံလှီးထားပါ။
ပြီးနောက် ဇလုံတစ်လုံးထဲတွင် ပုစွန်၊ ငါးဖယ်၊ ပြောင်းဖူး၊ ကြက်သွန်ဖြူ၊ ချင်း၊ ဆား၊ သကြား၊ ကော်မှုန့်၊ ငရုတ်ကောင်း၊ နှမ်းဆီမွှေး၊ ကြက်ဥအကာတို့ထည့်၍ ရောမွှေပေးထားပါ။
ပြီးလျှင် အနေတော် အပြားလေးတွေပြုလုပ်၍ ရေခဲသေတ္တာထဲသို့ နှစ်နာရီခန့်ထည့်ထားပါ။
ပြီးလျှင် ဒယ်အိုးထဲကို ဆီထည့် ဆီပူလာလျှင်တော့ ပုစွန်ပြောင်းဖူးကိုထည့်၍ ရွှေဝါရောင်သန်းသည်အထိ ကြော်၍ ဆီစစ်ထားပါ။
ပြီးနောက် ဆော့စ်နှင့် တွဲဖက်၍ ပုစွန်ပြောင်းဖူးကြော်လေးကိုမြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။



