Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မနက်စာအတွက် ဝက်သားပေါင်း ပြုလုပ်နည်း

လုပ်ရတာလည်းလွယ်ကူ အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်တဲ့ ဝက်သားပေါင်း ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်သောပစ္စည်းများကတော့ ဝက်သားကြိတ်ပြီးသား၊ ပုစွန်၊ ကြက်သွန်မြိတ်၊ ဖက်ရွက်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ၊ ကော်မှုန့်၊ ကြက်ဥအကာ တို့ လိုအပ်ပါတယ်။


အစာသွတ်ရန်အတွက် ပါဝင်သောပစ္စည်းများ ဖြစ်တဲ့ ဝက်သားကြိတ်ပြီးသား၊ ပုစွန်၊ ကြက်သွန်မြိတ်၊ ကော်မှုန့်၊ နှမ်းဆီ၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်  အားလုံးကို ဇလုံတစ်လုံးထဲထည့်ပြီး သမအောင် ရောနယ်လိုက်ပါ။

 

ပြီးနောက် ဖက်ရွက်တစ်ရွက်ယူပြီး ဘေးသားများကို ကြက်ဥအကာဖြင့် သုတ်လိုက်ပါ။

 

ပြီးလျှင် အစာသွတ်ရန် ရောနယ်ထားသော ဝက်သားကို လိုအပ်သလောက် ဖက်ရွက်ထဲထည့်ပြီး ထုတ်လိုက်ပါ။

 

၎င်းနည်းအတိုင်း ကျန် ဖက်ရွက်များဖြင့် ဆက်ပြီး ထုတ်ပေးပါ။

 

ပြီးလျှင် ဝက်သားကို ဖက်ရွက်ထဲထည့်ပြီး ဘေးမှာ ပိုနေသော ဖက်ရွက်သားများကို ဖြတ်ထုတ်လိုက်ပါ။ ခြောက်သွားလျှင် ထိုဖက်ရွက်သားများသည် မာသွားတတ်၍ ဖြစ်သည်။

 

နောက်ဆုံးမှ ပေါင်းအိုးထဲ ဝက်သားထုပ်ထားတာများကို ထည့်ပြီး မိနစ် ၂၀ ခန့် မီးပြင်းပြင်းဖြင့်ပေါင်းပေးပါ။

 

ပြီးရင်တော့ စားချင်စဖွယ်နဲ့ အရသာရှိတဲ့ ဝက်သားပေါင်းလေးကို ဆော့စ်လေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(1 Vote)