Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကြက်ရိုး နဲ့ ဂွေးတောက် ဟင်းချို

ဂွေးတောက်ရွက်ရဲ့ ခါးသက်သက် အရသာနဲ့ ကြက်သားရဲ့ အချိုဓာတ်နဲ့ ရောစပ်ပြီး ကျန်းမာရေး နဲ့ ညီညွှတ်တဲ့ ဟင်းတစ်ခွက်လည်း ဖြစ်တာကြောင့် ဒီလို ရာသီဥတုနဲ့ လိုက်ဖက်လည်း ညီပါတယ်။


ဂွေးတောက်ရွက်က ကျန်းမာရေး နဲ့ ညီညွှတ်တဲ့ အရွက်ဆိုတာ သတိထားမိချင်မှ ထားမိပါလိမ့်မယ်။ ဂွေးတောက်ရွက်က ဝမ်းမီးကို ကောင်းစေပြီး အစာကြေလွယ်စေပါတယ်။ အမျိုးသားတွေ အတွက် ဒူလာကောင်းပြီး အမျိုးသမီးတွေ အတွက် သွေးသား မှန်ကန်စေပါတယ်။


ဂွေးတောက်ရွက်နဲ့ ကြက်ရိုး ဟင်းချိုတွင် ပါဝင်ပစ္စည်းများကတော့ ကြက်ရိုး၊ ဂွေးတောက်ရွက်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ဟင်းခတ်မှုန့်တို့လိုအပ်ပါမယ်၊


ပထမဦးဆုံး ကြက်ရိုးတွေကို ရေဆေးပြီး ချင်း၊ ကြက်သွန်ဖြူတွေနဲ့ အရင် ပြုတ်ထားပေးပါ။


ပြီးနောက် ကြက်အရိုးကို နူးလာအောင် ပြုတ်ပေးပါ။

 

ပြီးလျှင် ကြက် အရိုးနူးလာရင် ကြက်သွန်နီကို လေးစိပ်ခြမ်းပြီး အဖတ်လေးတွေ ခွာထားပါ။


ပြီးနောက် အပေါ့အငန် မြည်းပြီး ခဏ မီးပိတ်ထားပါ။

 

Read More >>>>> မနက်စာအတွက် ဝက်သားပေါင်း ပြုလုပ်နည်း

 

ပြီးရင်တော့ ဂွေးတောက်ရွက်ကို အရွယ်တော် လှီးပြီး ဆားနဲ့ နယ်ပြီး ရေဆေးပါ။

 

ပြီးလျှင် အခါးပိုသက်သာအောင် ဆားနဲ့ နယ်ပြီး အခါးရည်တွေကို ညှစ်ချပစ်ပါ။

 

ပြီးနောက် ဂွေးတောက်ရွက်ကို အရွက်စိမ်းစိမ်းလေး စားချင်ရင်တော့ သောက်ခါနီးမှ ကြက်ပြုတ်ရည်ကို ပြန်နွှေးပြီး အရွက်ခတ်သောက်ရင်တော့ ဂွေးတောက်ရွက်စိမ်းစိမ်းလေးနဲ့ အရသာ ရှိတဲ့ ဂွေးတောက် ဟင်းချို လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Tuesday, 05 March 2019 16:05
Rate this item
(5 votes)