Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများအကြိုက်တွေ့စေမယ့် ချိစ်မုန့်လုပ်နည်း (Cheese Puff)

ကလေးများကြိုက်နှစ်သက်တဲ့ Cheese Puff မုန့်ကို ဆိုင်တွင် သွားရောက်စားသောက်စရာမလိုဘဲ

အိမ်တွင်လည်း လုပ်စားနိုင်တဲ့ Cheese Puff ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ မုန့်သားပြုလုပ်ရန်အတွက် ဂျုံမှုန့်၊ puff butter ၊ ကြက်ဥ၊ ဆား တို့ လိုအပ်မှာဖြစ်ပြီး Cheese Cream ပြုလုပ်ရန်အတွက် Cheese, မရောနိစ်၊ သကြား တို့ လိုအပ်ပါမယ်။

 

မုန့်သားပြုလုပ်ရန်အတွက် ဂျုံမှုန့်ကို ဇကာချပြီးနောက် လက်ကိုင်ဂျုံအတွက် အနည်းငယ် ဖယ်ထားလိုက်ပါ။ ကျန် ဂျုံများထဲမှ အလယ်နေရာရှိ ဂျုံများကို ဘေးသို့ပို့ပြီး အလယ်ကို ရေထည့်နိုင်အောင် ကန်ကဲ့သို့ပြုလုပ်ပါ။

 

အလယ်မှာ ရေခဲရေနဲ့ ကြက်ဥကိုဖောက်ထည့်ပါ။ ဆားကို ဘေးပတ်လည်ရှိ ဂျုံများပေါ် အနည်းငယ်ဖြူးပါ။

 

ဂျုံ၊ ကြက်ဥ၊ ဆားတို့ကို ရေထည့်၍ အားလုံးသမသွားအောင်နယ်ပါ။ ဂျုံလုံးပြောင်ချောလာတဲ့ရင် မိနစ်အနည်းငယ်ခန့် နှပ်ထားပါ။

 

မိနစ်အနည်းငယ်ခန့် နှပ်ချိန်ပြည့်သွားရင် စားပွဲပေါ်ကို နှပ်ဂျုံမကပ်စေဖို့အတွက် ဖယ်ထားတဲ့ လက်ကိုင်ဂျုံမှ အချို့ကို ဖြူးပေးပါ။

 

နှပ်ဂျုံကို ဒလိမ့်တုံးနဲ့ လေးတောင့်ပုံရအောင်လှိမ့်၍ပြားပေးပါ။ အထူအပါးညီအောင် ပြုလုပ်ရပါမယ်။

 

ပြီးလျှင် လေးတောင့်ပုံ ဂျုံပြားရဲ့အလယ်မှာ puff butter ကိုတင်လိုက်ပြီး ဂျုံပြားနဲ့ လုံအောင်ခေါက်ပြီးနောက် ဒလိမ့်တုံးနဲ့ လှိမ့်ပေးပါ။

 

ဂျုံသားထဲကို puff butter များပျော်ဝင်သွားတဲ့ အထိလှိမ့်ပါ။ လှိမ့်ရင်း ဆန့်ထွက်လာတဲ့ ဂျုံသားများကို အချိုးညီညီခေါက်လိုက် ထပ်လှိမ့်လိုက်လုပ်ပါ။ ယင်းကဲ့သို့ လေးကြိမ် ငါးကြိမ်ခန့် ပြုလုပ်ပါ။

 

ပြီးရင်တော့ ပုဆိုးခေါက်ကဲ့သို့ ခေါက်လိုက်ပြီး လေလုံတဲ့ဗူးတစ်ခုထဲထည့်၍ ရေခဲသေတ္တာအောက်ခန်းမှာ မိနစ်အတော်ကြာ နှပ်ထားလိုက်ပါ။ ပြီးနောက် မုန့်သားကို ရပါပြီ။

 

Cheese cream ပြုလုပ်ရန်အတွက် Cheese, မရောနိစ်၊ သကြား တို့ကို ဇလုံတစ်ခုထဲထည့်ပြီး အားလုံးနှံ့သွားအောင် ရောပြီးမွှေထားပါ။



မုန့်လုပ်ရန်အတွက် ကြက်ဥကို ခွဲပြီး မွှေထားပေးပါ။ မုန့်နှပ်ချိန်ပြည့်ရင် ရေခဲသေတ္တာထဲမှထုတ်လိုက်ပါ။

 

oven ကို ၂၀၀ ဒီဂရီအပူချိန်မှာထားပြီး ၁၀ မိနစ်ခန့်ကြို၍ အပူပေးထားပါ။

 

နှပ်ဂျုံကို ဒလိမ့်တုံးနဲ့ ပြားနေအောင်လှိမ့်လိုက်ပါ။ ဂျုံမကပ်အောင် လက်ကိုင်ဂျုံကို လိုသလောက်သာအသုံးပြုပါ။

 

ကိုယ်ကြိုက်တဲ့အရွယ်အစားရရင် နှစ်လက်မပတ်လည် အရွယ်လေးတွေလှီးဖြတ်ပြီး အလယ်မှာ cheese cream ကို ထည့်၍ ခေါက်အုပ်ပါ။

 

မုန့်သားရဲ့ဟနေတဲ့ဘေး သုံးဘက်ကိုလည်း ဇွန်းလက်ကိုင်လေးနဲ့ အသာအယာဖိလိုက်ပါ။

 

ပြီးလျှင် ဗန်းထဲကိုမုန့်များ လက်တစ်လုံးခြားလောက် ခွာပြီးစီထည့်ပါ။ မုန့်မျက်နှာပြင်ပေါ် ကြက်ဥခေါက်ရည် သုတ်ပေးပါ။

 

ပြီးနောက် အပေါ်မီးအောက်မီးနဲ့ မုန့်ဖုတ်ချိန်ကို မိနစ်အနည်းငယ်ထားပါ။ အချိန်စေ့ကာနီး သုံးမိနစ်အလိုလောက်ရောက်ရင် အပေါ်မီး သီးသန့်ပြောင်းလိုက်ပြီး အပူချိန်ကိုလည်း ဒီဂရီကိုပြောင်းပြီး ဖုတ်ပါ။ မုန့်ရဲ့ အပေါ်ယံ မျက်နှာပြင်လေးတွေ ရွှေရောင်သန်းလာလို့ရှိရင်တော့ ကလေးများအကြိုက် အရသာရှိတဲ့ Cheese Puff လေးကို ကော်ဖီပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 13:41
Rate this item
(1 Vote)