Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းထုတ် အသင့်စား ရိုးရာအစားအစာများ

ကိုဗစ်ပြန်ထလာတဲ့ Second waveမှာတော့ လူတွေက အရင် First waveတုန်းကလို အစားအသောက်တွေကို အများကြီး မဝယ်ကြတော့ပဲ အသင့်စား အစားအစာတွေကိုသာ အဓိကထား ဝယ်ယူလာကြပါတယ်။ အသင့်စား အစားအသောက်တွေမှာ များသောအားဖြင့် ခေါက်ဆွဲခြောက်ထုပ်တွေပါဝင်နေပြီး ၎င်းခေါက်ဆွဲခြောက်တွေ အများအပြားစားသုံးခြင်းက ကျန်းမာရေးကိုထိခိုက်စေပါတယ်။ 

ကျန်းမာရေးကို ထောက်ခံချက်မပေးတဲ့ အစားအစာတွေ စားသုံးခြင်းကို ရှေုာင်ကြဉ်သင့်ပါတယ်။ ဘာလို့ဆို ၎င်းအစားအစာတွေမှာ ကျန်းမာရေးကိုထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေလို့ပဲဖြစ်ပါတယ်။ ကျန်းမာရေးကိုအထောက်အကူပြုမည့် အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။ ဒါ့ကြောင့် ပါဝင်ပစ္စည်းတွေကို အတိအကျဖော်ပြပေးထားပြီး  expire dateလည်း တိတိကျကျပါဝင်တဲ့ မြန်မာပြည်တွင်းထုတ် အသင့်စား ရိုးရာအစားအစာများကို Recommendပေးသွားမှာ ဖြစ်ပါတယ်။

ဈေးနှုန်းကလည်း အသင့်အတင့်ရှိပြီး စားကြည့်တဲ့အခါမှာ အရသာအလွန်ကောင်းလွန်းလို့ အခုလို မျှဝေပေးရခြင်းဖြစ်ပါတယ်။

မာလာရှမ်းကော နဲ့ မာလာဟော့ပေါ့

 

 

ရှမ်းပြည်နယ် တောင်ကြီး ဒေသထွက် ရှမ်းအစားစာများကို ကြိုက်နှစ်သက်သူတွေ အတွက် Stay Homeကာလမှာ အိမ်ထဲနေရင်း အလွယ်တကူချက်စားလို့ ရပြီး မိုးရာသီ နဲ့ လိုက်ဖက်တဲ့ ပူပူစပ်စပ် အစားသောက်လေး တစ်ခုဖြစ်ပါတယ်။ အဲ့တာကတော့ ကောင်း မှ ကောင်း တံဆိပ် အသင့်စား မာလာရှမ်းကော နဲ့ မာလာဟော့ပေါ့ ပဲဖြစ်ပါတယ်ဗျို့။

အိမ်မှာနေရင်း အလွယ်တကူ နဲ့ ချက်ပြုပ်စားသောက်နိူင်ရန် ချက်ပြုတ်နည်းအညွှန်းလည်းပါဝင်ပါတယ်။ မင်မင်စားကြည့်တော့ အရသာက လုံးဝလုံးဝ ရှယ်ပဲနော်။ နှစ်သက်ရာ အသား နဲ့ အသီးရွက်များတွေကို ထပ်ထည့်ပြီး စားသုံးနိုင်ပါသေးတယ်။  အရသာအတွက်ကတော့ စိတ်ပူစရာ မလိုပါဘူးနော်။ လူတိုင်းလိုလိုက So good..so goodနဲ့ feedbackပေးနေကြတော့ နာမည်တောင် ကောင်း မှ ကောင်း ဖြစ်နေတာပဲ စဉ်းစားကြည့်ပါတော့...

မိသားစု နဲ့ စားမလား၊မိတ်ဆွေ အပေါင်းသင်း နဲ့ ဆွေမျိုးတွေကို လက်ဆောင်ပေးမလား၊ Packingပိုင်းမှာလည်း သန့်ရှင်း သပ်ရပ်စွာ ထုတ်လုပ်ထားပါတယ်နော်။ ဓါတုဆေး ဆိုးဆေး နဲ့ တာရှည်ခံဆေးများ လုံးဝ လုံးဝမပါတဲ့အတွက်  ယုံကြည်စိတ်ချစွာ သုံးဆောင်နိူင်ပါတယ်။ တစ်ထုပ်ကို မြန်မာငွေ ၁၀၀၀ကျပ်ပဲ ကျသင့်တာဖြစ်ပြီး တန်လည်းတန် အရသာကလည်း ရှယ်ကောင်း ဖြစ်နေစေမှာပါ။

မှာယူလိုပါက- 09-254256369၊ 09-253540599 ကိုဆက်သွယ်မှာယူနိုင်ပါတယ်။ အရသာရှိတဲ့ မာလာရှမ်းကော နဲ့ မာလာဟော့ပေါ့ကို စားသုံးရင်း ပျင်းစရာနေ့ရက်တွေကို ကောင်းမှကောင်းနှင့် ဖြတ်သန်းနိုင်ပါပြီ။

ရှမ်းခေါက်ဆွဲ

 

 

ရှမ်းခေါက်ဆွဲ အရသာ စစ်စစ် ကိုမှ စားချင်သူတွေ အတွက် ရှမ်းမင်းသား တံဆိပ် အသင့်စား သတ်သတ်လွတ် ရှမ်းခေါက်ဆွဲ ရှိတယ်နော်။ မြန်မာပြည်မှာထုတ်တဲ့ ပြည်တွင်းဖြစ်အစားအစာဖြစ်ပြီး  FDAခွင့်ပြုချက် ရထားတဲ့ ကျန်းမာရေးအတွက် သင့်တော်တဲ့ အသင့်စား သတ်သတ်လွတ် ရှမ်းခေါက်ဆွဲပဲ ဖြစ်ပါတယ်။

မနက်စာ စားမလား နေ့လည်စာ အဆာပြေ စားမလား ညဘက်မှာ မိသားစု Tv ကြည့်ရင်း စားမလား အားလုံး Ok တဲ့ ရှမ်းမင်းသား တံဆိပ် ရှမ်းခေါက်ဆွဲ ဖြစ်ပြီး မြေပဲမှုန့်၊ ဟင်းခတ်မှုန့်၊ ငရုတ်ဆီ၊ ကြက်သွန်ဖြူ၊ ဆီချက်နှင့် ပဲငပိတို့ အဆင်သင့်ပါလို့ အချိန်မကုန် လူမပင်ပန်း အလုပ်ရှုပ် သက်သာစေတဲ့အပြင် အရသာမှာ တခြားဘာနဲ့မှ မလဲနိုင်အောင် ကြိုက်နှစ်သက်သွားစေမှာပါ။

ဓါတုဆေး ဆိုးဆေး နဲ့ တာရှည်ခံဆေးများ လုံးဝမပါဝင်ပဲ expire dateလည်း ပါတဲ့ အသင့်စား ရှမ်းခေါက်ဆွဲ ဖြစ်ပါတယ်။ သတ်သတ်လွတ်ဖြစ်လို့ လူမျိုးမရွေး ဘာသာမရေး ယုံကြည် စိတ်ချစွာ သုံးဆောင်နိူင်ပါတယ်နော်။ 

တစ်ထုပ်ကို ၇၀၀ ကျပ်ဖြစ်ပြီး မှာယူလိုပါက 09-254256369၊ 09-253540599ကိုဆက်သွယ်နိုင်ပါတယ်။

ကြက်သားဆီချက် ခေါက်ဆွဲ

 

 

အလုပ်မရှုပ် အချိန်မကုန် လူမပင်ပန်းဘဲ အရသာရှိတဲ့ ကြက်သားဆီချက် ခေါက်ဆွဲ စားချင်တယ်ဆိုရင်တော့  ကောင်းထက်စံ  တံဆိပ် အသင့်စား ကြက်သားဆီချက်ခေါက်ဆွဲ ရှိပါတယ်။ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ ပဲဆီ နဲ့ သန့်ရှင်းလတ်ဆပ်တဲ့ ကုန်ကြမ်းများကို အသုံးပြုထုတ်လုပ်ထားတဲ့ အတွက် ယုံကြည်စိတ်ချစွာ သုံးဆောင်နိူင်ပါတယ်။


ဆိုးဆေး၊ ဓါတုဆေး၊ တာရှည်ခံဆေးတွေ  လုံးဝ မပါတဲ့အတွက် သားသား မီမီး ဖိုးဖိုး ဘွားဘွား တို့ အန္တာရယ်ကင်းစွာ စားသုံးလို့ ရတဲ့ အသင့်စား ကြက်သား ဆီချက်ခေါက်ဆွဲပဲ ဖြစ်ပါတယ်နော်။

တစ်ထုပ်ကို ၁၀၀၀ ကျပ်ဖြစ်ပြီး မှာယူလိုပါက 09-254256369၊ 09-253540599 သို့ ဆက်သွယ်မှာ ယူနိုင်ပါတယ်ဗျ။

တို့ဟူးနွေး ရှမ်းခေါက်ဆွဲ

 

 

တို့ဟူးနွေး ရှမ်းခေါက်ဆွဲ ကောင်းကောင်း စားချင်သူတွေ အတွက်  မေ့အကြိုက် တံဆိပ် အသင့်စား သတ်သတ်လွတ်  တို့ဟူးနွေး ရှမ်းခေါက်ဆွဲ ရှိပါတယ်။ နူးညံ့ တဲ့ ခေါက်ဆွဲ၊ မွှေးပျံ့တဲ့ တို့ဟူးမှုန့်၊ နေကြာဆီသန့်၊ မြေပဲဆံနှင့် ပဲငံပြာရည်၊ ငရုတ်သီးမှုန့် စတဲ့ အထုတ်ကလေးတွေ အဆင်သင့် ပါဝင်ပြီးသား ဖြစ်ပါတယ်။

အလုပ်မရှုပ် အချိန်မကုန် လူမပင်ပန်းဘဲ အရသာ အရမ်းကောင်းတဲ့ မေ့အကြိုက် တံဆိပ် အသင့်စား သတ်သတ်လွတ် တို့ဟူးနွေး ရှမ်းခေါက်ဆွဲကို သန့်ရှင်း လတ်ဆပ်တဲ့ ကုန်ကြမ်းများဖြင့် အသုံးပြုပြီး သေသပ်လှပစွာ ထုတ်လုပ်ထားပီး ဓါတုဆေး ဆိုးဆေး နဲ့ တာရှည်ခံဆေးများ လုံးဝလုံးဝမပါဝင်လို့ စိတ်ချလက်ချ ဝယ်ယူ သုံးဆောင်နိုင်ပါတယ်။ ပြုလုပ်နည်းအဆင့်ဆင့်ကိုလည်း ဖော်ပြပေးထားတဲ့အတွက် လွယ်ကူလျင်မြန်စွာ ချက်ပြုတ်နိုင်မှာပဲ ဖြစ်ပါတယ်။

သတ်သတ်လွတ် ဖြစ်လို့ လူမျိုးမရွေး ဘာသာမရွေး ယုံကြည် စိတ်ချစွာ သုံးဆောင်နိူင်ပါတယ်။ တစ်ထုပ်ကို ၁၀၀၀ကျပ်ဖြစ်ပြီး မှာယူလိုပါက 09-254256369၊ 09-253540599ကို မှာယူနိုင်ပါတယ်။

 မြေအိုးမြီးရှည်

 

 

မိုးတွင်းလေးမှာ ပူပူစပ်စပ်လေးနဲ့ ပြောစရာမလိုအောင် အရသာအလွန်ကောင်းတဲ့ ကောင်းမှကောင်း မြေအိုးမြီးရှည်ကို မေ့ထားတော့မလို့လားဗျ။ တံဆိပ်တွေအမျိုးမျိုးရှိတဲ့ကြားကနေ လူတိုင်းလူတိုင်းသိကြတဲ့ ကောင်းမှကောင်းတံဆိပ်ကို ယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံးကြဖို့ Recommendပေးလိုက်ပါတယ်။

အထုပ်ရဲ့ပါဝင်တဲ့ပစ္စည်းတွေကလည်း လတ်လတ်ဆတ်ဆတ်မို့လို့ ကျန်းမာရေးအတွက် စိုးရိမ်စရာမလိုပဲ စိတ်ချစွာစားသုံးနိုင်ပါတယ်။ ဈေးနှုန်းကတော့ လူတိုင်းမထင်ထားတဲ့ တစ်ထုပ်မှ ၁၀၀၀ကျပ်ဆိုတဲ့ အလွန်သက်သာတဲ့ဈေးနှုန်းလေးပါ။

အရမ်းစိတ်ဝင်စားသွားလို့..မှာယူလိုတယ်ဆိုရင်တော့ 09-254256369၊ 09-253540599ကို ဆက်သွယ်နိုင်ပါတယ်ဗျ။

By Wyk (Myanmar Food Guide)

Read times Last modified on Saturday, 05 September 2020 17:11
Rate this item
(0 votes)