Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးလူကြီးအကြိုက် အုန်းသီး သာကူပြင်

လွယ်လင့်တကူပြုလုပ်နိုင်တဲ့အတွက် အောက်တွင် အုန်းသီးသာကူပြင် ပြုလုပ်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ သာကူစေ့၊ လိမ္မော်ဖျော်ရည်၊ သကြား၊ အုန်းသီးဖတ်၊ ဆား၊ ရေ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး သာကူစေကို ရေဆေးပြီး ရေစစ်ထားပါ။

 

ပြီးလျှင် ရေ၊ ဖျော်ရည်၊ ဆား တို့ ကို သာကူကြိုမည့် အိုးထဲထည့်၍ ပွက်လာသည်အထိတည်ပေးထားပါ။

 

ပြီးနောက် အရည်များပွက်လာလျှင် သာကူကို ထည့်၍ အဆက်မပြတ်မွှေပေးထားပါ။

 

မိနစ်အနည်းကြာအောင် မွှေပြီးပါက သကြားကို နောက်ဆုံးမှ ထည့်ပါ။

 

သကြားထည့်ပြီး သာကူစေ့ရဲ့ အလည်အစံအနည်းငယ် ကျန်တဲ့အချိန်တွင် မီးဖိုပေါ်မှချ၍ အအေးခံမည့် လင်ဗန်းထဲသို့ ထည့်၍ အအေးခံထားပါ။

 

ပြီးလျှင်တော့  အေးသွားသော သာကူများကို ကပ်ကျေးဖြင့် အတုံးများ တုံး၍ အုန်းသီးဖတ်များကို  အပေါ်မှဖြူးလိုက်ပါ။

 

ပြီးရင်တော့ စားလို့အရမ်းကောင်းတဲ့ အုန်းသီးသာကူပြင်ကို သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Tuesday, 26 March 2019 14:01
Rate this item
(1 Vote)