Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စားသုံးဆီတင်ယာဉ် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအတွက် COVID -19 ကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးနိုင်ရေး အစီအစဉ်

စားသုံးဆီတင်ယာဉ် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအတွက် COVID -19 ကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးနိုင်ရေး အစီအစဉ် Google

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီတင်ယာဉ် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအတွက်

COVID -19 ကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးနိုင်ရေး အသိပေးအကြောင်းကြားစာ ထုတ်ပြန်ထားပါသည်။ 

 

ရန်ကုန်တိုင်းဒေသကြီးနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ကုန်စည်များ လွယ်ကူလျင်မြန်ချောမွေ့စွာ အပြန်အလှန်စီးဆင်းစေရေး အထောက်အကူပြုနိုင်ရန်အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းသည်
UMFCCI နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။


စားသုံးဆီကန်များတွင် ဆီထုတ်ယူပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးသို့ ပြန်လည် ထွက်ခွာမည် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များသည် (COVID -19) ကင်းရှင်းကြောင်းအစစ်ဆေးခံနိုင်ရန်အတွက် ကိုယ်ရေးအချက်အလက်များ ကြိုတင်ပေးပို့ထားရန် လိုအပ်ပါသည်။ အသင်းသို့တင်ပြလာသည့် အချက်အလက်များကို UMFCCI သို့ ထပ်မံပေးပို့၍ ၄င်းတို့မှ ခွင့်ပြုသည့်ဦးရေးအား တစ်ရက်ချင်း အကြောင်းပြန်ကြားပေးမည် ဖြစ်ပါသည်။


( က ) ပေးပို့ရမည့်အချက်များ၊

အမည်၊ အသက်၊ မွေးသက္ကရာဇ်၊ အဘအမည်။

မှတ်ပုံတင်အမှတ်၊ အမြဲတမ်းနေရပ်လိပ်စာ၊ လက်ရှိလိပ်စာ၊ ဆက်သွယ်ရန်

ဖုန်းနံပါတ်၊ ယာဉ်အမှတ်၊ ယာဉ်လိုင်းအမည်။ ။

 

( ခ ) ပေးပို့ရမည် Viber ဖုန်းနံပါတ်။ ဦးအောင်မျိုးကျော် ၀၉ ၄၃၀၉ ၅၆၇၈

 

( ဂ ) အသင်းမှပြန်လည်အကြောင်းကြားသည့် စစ်ဆေးခွင့်ရရှိသူများသည် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင်ဖွင့်လှစ်ထားသည့် စစ်ဆေးရေးစင်တာသို့ အချိန်မီ မပျက်မကွက် (မပျက်မကွက်) သွားရောက်ရမည်ဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍ အမှန်တကယ်ထွက်ခွာမည်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် များသည် သတ်မှတ်ပေးထားသည် Viber ဖုန်းနံပါတ်သို့ ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်း ထားနိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။ အသင်းအနေဖြင့် ရရှိသည့် အခြေအနေ ပေါ်တွင် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးနေရသည်ဖြစ်၍ အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန် ဖေါ်ပြအပ်ပါသည်။

 

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း

 

ခ/၈၁-၈၂၊ ကံ့ကော်လမ်းမကြီး ဘုရင့်နောင်

မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - ၀၁-၂၃၁၄၂၉၆၊ ၀၉-၄၄၄၄၃၅၂၉၅

 

No description available.

 

By Myanmar Food Guide

Read times
Rate this item
(0 votes)