Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရဲ့ အသိပေးနှိုးဆော်ချက်

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရဲ့ အသိပေးနှိုးဆော်ချက် Google

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆက်သွယ်ဆောင်ရွက် လျှက်ရှိသည့် စားသုံးဆီသိုလှောင်ကန်များအနေဖြင့်

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင် ရာ လမ်းညွှန်ချက်များ အား တိတိကျကျလိုက်နာ ဆောင် ရွက်ရေး နှင့် အကယ်၍ ဆီကန်များတွင် ပိုးတွေ့လူနာတွေ့ရှိခဲ့ပါက (သို့မဟုတ်) ပိုးတွေ့ လူနာနှင့် ထိတွေ့မှု ဖြစ်စဉ်များဖြစ်ပေါ်ခဲ့ပါက အရေးပေါ်ဆောင်ရွက်မည် အစီ အမံများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ပါရန်နှင့် ၄င်းစီမံချက်များအား အသင်းသို့ပြန်လည် တင်ပြပေးနိုင်ပါရန် အသိပေးနှိုးဆော်ခြင်း၊

 

၁။ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင် ဗဟိုကော်မတီမှ ယခုကာလသည် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်လာချိန် ဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာရန် တိုက်တွန်းနှိုးဆော် သတိပေးလျှက်ရှိပါသည်။

 

၂။ အရေးကြီးကုန်စည်ဖြစ်သော စားသုံးဆီများဖြန့်ဖြူးပေးလျှက်ရှိသည် ဆီကန်များအနေဖြင့် COVID-19 ကြောင့် အခက်အခဲမဖြစ်စေဘဲလည်ပတ်နိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသည့် ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်းချက်များ၊ ညွှန်ကြားချက်များကို တိတိကျကျလိုက်နာရန် လိုအပ်မည်ဖြစ်ပါသည်။

 

၃။ သို့ဖြစ်ပါ၍ ဆီကန်များအနေဖြင့် အခါအားလျော်စွာထုတ်ပြန်သည် ညွှန်ကြားချက်များကို တိတိကျကျလိုက်နာရန်နှင့် ဆီကန်များတွင် ပိုးတွေ့ လူနာတွေ့ရှိခဲ့ပါက (သို့မဟုတ်) ပိုးတွေ့လူနာနှင့် ထိတွေ့မှု ဖြစ်စဉ်များရှိခဲ့ပါက အရေးပေါ်အခြေအနေတွင် အကောင်းဆုံးတုန့်ပြန်ဆောင်ရွက်နိုင်မည့် အစီအမံများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်နှင့် ၄င်းစီမံချက်များအား အသင်းသို့ ပြန်လည်တင်ပြပေးနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

 

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း

 

119084127_3785263958153745_1004008107595714218_n.jpg

 

By Wyk (Myanmar Food Guide)

Meoda

Read times
Rate this item
(0 votes)