Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အဆာပြေ ပုစွန်ခွက်ကြော်

အိမ်မှာ အဆာပြေစားဖို့အတွက် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ပုစွန်ခွက်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ပုစွန်ထုပ်၊ ပဲပင်ပေါက်၊ ကြက်သွန်နီ၊ အကြော်မှုန့်၊ ပဲမှုန့်၊ နနွင်းမှုန့်၊ ကြက်သားမှုန့် တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ပုစွန်ကို ခေါင်းချွတ်၊ ကျောကချီးချောင်းများထုတ်ကာ သန့်စင်ဆေးကြောထားပါ။

 

ပြီးလျှင် အကြော်မှုန့်နဲ့ပဲမှုန့်ကို ရေနွေးနွေးနဲ့ ရောပြီးဖျော်လိုက်ပါ။

 

ပြီးနောက် နနွင်းမှုန့်ထည့်မွှေပြီး ပဲပင်ပေါက်၊ ကြက်သွန်လှီးပြီးသားပါးပါးတို့ကို ရောလိုက်ပါ။

 

ပြီးရင်တော့ ဆီကို ဒယ်အိုးထဲထည့်လိုက်ပါ။

 

Read More >>>>>  Chinese style ဂဏန်းခွက်ကြော်

 

မီးအနေတော်ဖြင့်ထားပြီး ပန်းကန်တစ်ချပ်ထဲတွင် ပဲပင်ပေါက်အရောအနည်းငယ် ပုစွန် နှစ်ကောင်ရောပြီး မီးထဲသို့ ဖြေးဖြေး လျှောချပြီး တစ်ခြမ်းစီကို  ရွှေဝါရောင်သန်းပြီး ကျွတ်လာသည်အထိထားပြီး ကြော်ပေးပါ။

 

ပြီးရင်တော့ မန်ကျည်းသီးချဉ်ဖြင့် တွဲစားလျှင်တော့ အလွန်အရသာရှိတဲ့ ပုစွန်ခွက်ကြော်ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။

 

Read times Last modified on Sunday, 02 June 2019 19:52
Rate this item
(1 Vote)