Myanmar
သက်သတ်လွတ် မှိုထမင်းလေး လုပ်စားရအောင်
အရသာရှိပြီး သက်သတ်လွတ်မှိုထမင်းလေးကို ပိတ်ရက်တွင် လုပ်စားဖို့အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ထမင်း၊ လေးညှင်း၊ ဖာလာစေ့၊ သစ်ကြံပိုး၊ မှို၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီ၊ ငရုတ်ကောင်း တို့ လိုအပ်ပါတယ်။
ပထမဦးဆုံး ဆီကို အပူပေးပြီး လေးညှင်း၊ ဖာလာစေ့နှင့် သစ်ကြံပိုးကို အပူပေးထားပါ။
ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ထည့်ကြော်လိုက်ပါ။
Read More >>>>> အစားအသောက်ကို မစားသင့်တဲ့ အချိန်မှာ မစားပါနဲ့
ပြီးနောက် ကြက်သွန်များ နွမ်းသွားလျှင် မှိုကိုထည့်ကြော်လိုက်ပါ။ ပြီးလျှင် ဆား၊ ငရုတ်ကောင်းမှုန့်တို့ကိုထည့်လိုက်ပါ။
ပြီးနောက် မှိုများနူးလာပြီဆိုရင်တော့ မီးပိတ်လိုက်ပါ။
ပြီးရင်တော့ ထမင်းနှင့် မှိုတို့ ရောမွှေပြီးရင်တော့ သက်သတ်လွတ် မှိုထမင်းကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။
#Myanmar Food Industry Directory (WWH)