Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ပုစွန်နှင့်ခရမ်းချဉ်သီးငါးပိချက်

ခရမ်းချဉ်သီးပေါတုန်းလေး အိမ်တွင် လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့အပြင် ထမင်းမြိန်စေမယ့် ပုစွန်နှင့် ခရမ်းချဉ်သီးငါးပိချက် ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ပုစွန်အသေး၊ စိမ်းစားငါးပိ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊  ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအခြောက်၊ နံနံပင်၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်၊ ဆီတို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ပုစွန်ကို အခွံနွှာပြီး ရေဆေးသန့်စင်ထားပါ။ ပြီးလျှင် အရသာအနည်းငယ်နယ်ထားပါ။

 

ပြီးနောက် စိမ်းစားငါးပိကို ရေနွေးအနည်းငယ်ဖြင့် ရေစိမ်ထားပါ။

 

ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် ငရုတ်သီးခြောက်တွေကိုရောပြီး ညှက်နေအောင်ထောင်းထားပါ။

 

ပြီးနောက် ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး ငရုတ်သီးစိမ်းများကိုခပ်ကြီးကြီးလှီးပါ။

 

ပြီးရင်တော့ ဒယ်အိုးထဲသို့ ထောင်းထားသောကြက်သွန်နှင့်ငရုတ်သီးအရောကိုထည့်လိုက်ပါ။

 

ပြီးလျှင် ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်အနည်းငယ်တို့ဖြင့် အရသာဖြည့်စွက်ပါ။

 

ပြီးနောက် ငရုတ်သီးစိမ်းတွေထည့်ပြီးမှ ခရမ်းချဉ်သီးတွေအုပ်ပေးပါ။

 

ဆီအနည်းငယ်ကို ဒယ်အိုးပတ်ပတ်လည်မှလောင်းထည့်ပြီးအဖုံးပိတ်ကာ မီးရှိန်အေးအေးမှာ ရေခမ်း၊ ဆီပြန်ပြီး အနှစ်ကျသည်အထိချက်ပါ။

 

ရေခမ်းပြီဆိုမှအနည်းငယ်မွှေပြီးအရသာနယ်ထားတဲ့ပုစွန်ဆိတ်တွေထည့်ပါ။

 

ပြီးရင်တော့ ရေစိမ်ထားတဲ့ငါးပိကို ရေဖျော်ပြီးစစ်ဇကာလေးအသုံးပြု၍ လောင်းထည့်ပါ။

 

ပြီးလျှင် နံနံပင်လေးတွေထည့်ပြီး ရေခမ်း၊ ဆီပြန်သည်အထိချက်ပေးပါ။

 

ကျက်ပြီဆိုရင်တော့ ထမင်းပူပူလေးနဲ့ ပုစွန်နှင့်ခရမ်းချဉ်သီးငါးပိချက်ကို အရသာရှိစွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(1 Vote)