Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ပုံးရည်ကြီးနဲ့ ငါးပိထမင်းသုပ်

ပိတ်ရက်မှာ မိသားစုဆုံတုန်းလေး ထမင်း၊ ဟင်းတွေချက်မစားချင်သူများအတွက် ပုံးရည်ကြီးနဲ့ ငါးပိထမင်းသုပ်လေးလုပ်စားနိုင်ဖို့အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ထမင်း၊ ပုံးရည်ကြီး၊ စိမ်းစားငါးပိ၊ မြေပဲ၊ ကြက်သွန်နီ၊  ပုစွန်ခြောက်၊ သံပရာသီး၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဟင်းခတ်မှုန့်၊ ကြက်အူချောင်း၊ ဆား၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး စိမ်းစားငါးပိကို မီးကင်ပေးထားပါ။

 

ပြီးနောက် ပုံးရည်ကြီး၊ စိမ်းဆားငါးပိ၊ ဆီ တို့ထည့်၍ သမအောင် ရောမွှေပေးထားပါ။  ပြီးနောက် ကြက်အူချောင်းကို ကြော်ပေးထားပါ။

 


Read More >>>>   ပြောင်းဖူးမီးဖုတ် အစပ်သုပ်

 


ပြီးလျှင် ကြက်သွန်နီကို ပါးပါးလှီးပြီး ရေစစ်ထားပါ။

 

ပြီးနောက် ဇလုံတစ်လုံးထဲသို့ ထမင်းဖြူ၊ ပုံးရည်ကြီးနှင့်ငါးပိအနှစ်၊ ကြက်သွန်နီ၊ ပုစွန်ခြောက်၊ သံပရာရည်၊ ငရုတ်သီးမှုန့်၊ ဟင်းခတ်မှုန့်၊ ဆား တို့ထည့်၍ သမအောင် ရောမွှေပေးထားပါ။

 

ပြီးရင်တော့ အပေါ်မှ မြေပဲ၊ နံနံပင်တို့ဖြူး၍ ကြက်ဥကြော်၊ ဂျူးမြစ်၊ ကြက်အူချောင်း၊ ငရုတ်သီးစိမ်း၊  ကြက်သွန်ဖြူ တို့နှင့် တွဲဖက်၍ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 


#Myanmar Food Industry Directory (WWH)

Read times Last modified on Tuesday, 30 July 2019 10:33
Rate this item
(0 votes)