Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပြောင်းဖူးမီးဖုတ် အစပ်သုပ်

အဆာပြေပဲစားစား၊ ထမင်းနဲ့ပဲစားစား သက်သတ်လွတ်ပြောင်းဖူးမီးဖုတ် အစပ်သုပ်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ဆား၊ ဟင်းခတ်မှုန့်၊ သံပရာရည်၊ ဆီ၊ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ပြောင်းဖူးကို မီးဖုတ်ပြီး အစေ့များကို ထွင်ပေးထားပါ။

 

ပြီးလျှင် ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့ကို လှီးဖြတ်ပြီး ရေဆေးထားပါ။

 

ပြီးနောက် ဒယ်အိုးထဲဆီထည့်၍ ဆီပူလာလျှင် ကြက်သွန်ဖြူကို ဆီချက် ချက်ထားပါ။

 

ပြီးလျှင် ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ဆား၊ ဟင်းခတ်မှုန့်၊ သံပရာရည်၊ ဆီချက်၊ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း တို့ထည့်ပြီး ရောမွှေပေးပါ။

 

Read More >>>>>  နေထိုင်မကောင်းတဲ့သူတွေ စားသင့်တဲ့ ငါးရံ့ဆန်ပြုတ်

 

ပြီးရင်တော့ ထမင်းပူပူလေးနဲ့ သက်သတ်လွတ် ပြောင်းဖူးမီးဖုတ်အစပ်သုပ်လေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။


#Myanmar Food Industry Directory (WWH)

Read times Last modified on Friday, 26 July 2019 12:44
Rate this item
(0 votes)