Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ချဉ်ငံစပ် ဂွေးသီးငပိချက်

Unicode ျဖင့္ဖတ္ရန္

ထမင်းမြိန်စေမယ့် ချဉ်ငံစပ် ဂွေးသီးငပိချက်

ဂွေးသီးပေါ်တုန်းလေး ထမင်းမြိန်စေမယ့် ချဉ်ငံစပ် ဂွေးသီးငပိချက် ချက်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

Sunflower Seeds ေနၾကာေစ့ထုတ္လုပ္ငန္းေပါင္း ၂၀ ခုကိုရွာရန္ႏွိပ္ပါ။

 

ပါဝင်ပစ္စည်းများကတော့ ဂွေးသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခွဲခြမ်း၊ ပုစွန်ခြောက်မှုန့်၊ ငါးပိ၊ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဂွေးသီးကို အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါးလှီးထားပါ။

 

ပြီးလျှင် ကြက်သွန်နီကို အခွံနွှာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါးလေးလှီးထားပါ။

 

ပြီးနောက် ကြက်သွန်ဖြူကို အခွံနွှာပြီး လှီးဖြတ်ထားပါ။

 

ပြီးလျှင် ပုစွန်ခြောက်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်၊ ငရုတ်သီးခွဲခြမ်း၊ ဆား၊ ငါးငံပြာရည်၊ ငါးပိ၊ ဟင်းခတ်မှုန့်၊ ဆီတို့ကိုလည်း အသင့်ပြင်ထားပါ။

 

ပြီးရင်တော့ ဒယ်အိုးကို မီးဖိုပေါ်တင် ဆီထည့် အပူပေးပြီး ဆီပူလာလျှင် နနွင်းမှုန့်ထည့်လိုက်ပါ။

 

ပြီးနောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခွဲခြမ်းတို့ကို ထည့်ပြီး ဆီသတ်ပေးပါ။ ငရုတ်သီးခွဲခြမ်းများ မကျွမ်းအောင် မွှေပေးထားပါ။

 

ပြီးလျှင် အနံ့မွှေးလာလျှင် လှီးထားတဲ့ ဂွေးသီးတို့ကိုထည့်ပြီး နွမ်းအောင် မွှေပေးထားပါ။

 

ပြီးရင်တော့ နွမ်းလာရင်တော့ ငပိနဲ့ ပုစွန်ခြောက်မှုန့်တို့ကိုထည့်ပြီးမွှေပေးထားပါ။

 

ပြီးနောက် ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်တို့ထည့်ပြီး ဂွေးသီးများ နွမ်းအောင် ရေအနည်းထည့်ပြီး တည်ပေးထားပါ။

 

Read More >>>>>    ထမင်းစားမြိန်စေမယ့် ဆိတ်​ကလီစာ

 

ပြီးလျှှင် ဂွေးသီးများကျက်ပြီဆိုရင်တော့ အရသာအပေါ့အငန်မြည်းပြီး မီးဖိုပေါ်မှ ချလိုက်ပါ။

 

ပြီးနောက် ချဉ်ငံစပ် ဂွေးသီးငပိချက်လေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

Myanmar Food Industry Directory (WWH)

 

 

 

ထမင္းၿမိန္ေစမယ့္ ခ်ဥ္ငံစပ္ ေဂြးသီးငပိခ်က္

 

ေဂြးသီးေပၚတုန္းေလး ထမင္းၿမိန္ေစမယ့္ ခ်ဥ္ငံစပ္ ေဂြးသီးငပိခ်က္ ခ်က္နည္းေလးကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါဝင္ပစၥည္းမ်ားကေတာ့ ေဂြးသီး၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ င႐ုတ္သီးခြဲျခမ္း၊ ပုစြန္ေျခာက္မႈန္႕၊ ငါးပိ၊ ဆား၊ ငံျပာရည္၊ ဟင္းခတ္မႈန္႕၊ နႏြင္းမႈန္႕၊ ဆီ တို႕ လိုအပ္ပါမယ္။

 

ပထမဦးဆံုး ေဂြးသီးကို အလံုးလိုက္ ေရေဆးၿပီး ခပ္ပါးပါးလွီးထားပါ။

 

Sunflower Seeds ေနၾကာေစ့ထုတ္လုပ္ငန္းေပါင္း ၂၀ ခုကိုရွာရန္ႏွိပ္ပါ။

 

ၿပီးလွ်င္ ၾကက္သြန္နီကို အခြံႏႊာၿပီး အလံုးလိုက္ေရေဆးကာ ခပ္ပါးပါးေလးလွီးထားပါ။

 

ၿပီးေနာက္ ၾကက္သြန္ျဖဴကို အခြံႏႊာၿပီး လွီးျဖတ္ထားပါ။

 

ၿပီးလွ်င္ ပုစြန္ေျခာက္မႈန္႕၊ နႏြင္းမႈန္႕၊ ငရုတ္သီးအေရာင္တင္မႈန္႕၊ င႐ုတ္သီးခြဲျခမ္း၊ ဆား၊ ငါးငံျပာရည္၊ ငါးပိ၊ ဟင္းခတ္မႈန္႕၊ ဆီတို႕ကိုလည္း အသင့္ျပင္ထားပါ။

 

ၿပီးရင္ေတာ့ ဒယ္အိုးကို မီးဖိုေပၚတင္ ဆီထည့္ အပူေပးၿပီး ဆီပူလာလွ်င္ နႏြင္းမႈန္႕ထည့္လိုက္ပါ။

 

ၿပီးေနာက္ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ င႐ုတ္သီးခြဲျခမ္းတို႕ကို ထည့္ၿပီး ဆီသတ္ေပးပါ။ င႐ုတ္သီးခြဲျခမ္းမ်ား မကြ်မ္းေအာင္ ေမႊေပးထားပါ။

 

ၿပီးလွ်င္ အနံ႕ေမႊးလာလွ်င္ လွီးထားတဲ့ ေဂြးသီးတို႕ကိုထည့္ၿပီး ႏြမ္းေအာင္ ေမႊေပးထားပါ။

 

ၿပီးရင္ေတာ့ ႏြမ္းလာရင္ေတာ့ ငပိနဲ႕ ပုစြန္ေျခာက္မႈန္႕တို႕ကိုထည့္ၿပီးေမႊေပးထားပါ။

 

ၿပီးေနာက္ ဆား၊ ငံျပာရည္၊ ဟင္းခတ္မႈန္႕တို႕ထည့္ၿပီး ေဂြးသီးမ်ား ႏြမ္းေအာင္ ေရအနည္းထည့္ၿပီး တည္ေပးထားပါ။

 

ၿပီးလွွ်င္ ေဂြးသီးမ်ားက်က္ၿပီဆုိရင္ေတာ့ အရသာအေပါ့အငန္ျမည္းၿပီး မီးဖိုေပၚမွ ခ်လိုက္ပါ။

 

Read More >>>>>    ထမင္းစားၿမိန္ေစမယ့္ ဆိတ္​ကလီစာ

 

ၿပီးေနာက္ ခ်ဥ္ငံစပ္ ေဂြးသီးငပိခ်က္ေလးကို ထမင္းပူပူေလးနဲ႕ ၿမိန္ယွက္စြာ တည္ခင္းသံုးေဆာင္ႏိုင္ပါတယ္။

 

Myanmar Food Industry Directory (WWH)

 

 

 

Read times Last modified on Monday, 17 February 2020 15:08
Rate this item
(1 Vote)