Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အိမ်မှာ ကိုယ်တိုင် လက်ဖက်နှပ်လေးလုပ်စားရအောင်

Unicode

အိမ်မှာ ကိုယ်တိုင် လက်ဖက်နှပ်လေးလုပ်စားရအောင်


အခုချိန်ထိ အချိုမှုန့်များတဲ့ "လက်ဖက်နှပ်" တွေ စားနေတုန်းပဲလား အစားတလိုင်းတို့ရေ။  သဘာဝအရသာနဲ့ပြည့်စုံတဲ့ လက်ဖက်နှပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

လက်ဖက်နှပ်ရန် ပါဝင်ပစ္စည်းများ လက်ဖက်အညွန့်၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပြုလုပ်နည်းကတော့  လက်ဖက်အညွန့်ကို ရေနှင့် ခပ်ဖွာဖွာလှုပ်ပြီး ဆေး၍ လက်နှစ်ဖက်နှင့် ရေစင်အောင်ညှစ်ပေးပါ။  ပြီးနောက် ရေစစ်သွားပါက ဇလုံခပ်ကြီးကြီးထဲထည့်ပြီး ဖွထားပါ။

 

ပြီးလျှင် ကြက်သွန်ဖြူ အနည်းငယ်ကို အခွံနွှာပြီး မညက်တညက်ထောင်းပေးထားပါ။ ကျန်ကြက်သွန်ဖြူတို့ကို အကွင်းလိုက်လှီးထားပါ။

 

Read More >>>>>   ဓာတုေဗဒကင္းေဝးတဲ့ ငါးရံ႕ေျခာက္လတ္လတ္ဆတ္ဆတ္ အိမ္မွာကိုယ္တိုင္လုပ္စားရေအာင္

 

ပြီးနောက် ဆား၊ ပုစွန်ခြောက်မှုန့်၊ ဟင်းခတ်မှုန့်၊ ကြက်သွန်ဖြူထောင်းတို့ထည့်ပေးပြီး အားလုံးသမအောင် နယ်ပေးထားပါ။

 

ပြီးလျှင် အရသာကိုမြည်းကြည့်ပြီး အရသာလိုအပ်သလိုပြင်ပေးပြီး အကွင်းလိုက်လှီးထားသော ကြက်သွန်ဖြူနှင့် ဆီထည့်ပြီး သမအောင်နယ်ပေးထားပါ။

 

အားလုံးသမသွားပါက လေလုံသော ဗူးဖြစ်ဖြစ်၊ ပုလင်းဖြစ်ဖြစ် ဆီမြှုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထားစားပါက ကြာရှည်ခံတဲ့ လက်ဖက်နှပ်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။


မှတ်ချက်။   ။  လက်ဖက်အညွန့်မဟုတ်ဘဲ လက်ဖက်အကြမ်းဖြစ်နေပါက လက်ဖက်အသားကို ရေဖြင့် နှစ်ကြိမ်ခန့်ဆေးပြီး ရေစင်အောင်ညှစ်၍ ငရုတ်ဆုံတွင် ညက်နေအောင် ထောင်းပြီးမှ လက်ဖက်ကို နှပ်ပေးပါ။

 

#Myanmar Food Industrial Directory (WWH)

 

 

 

အိမ္မွာ ကိုယ္တိုင္ လက္ဖက္ႏွပ္ေလးလုပ္စားရေအာင္

 

အခုခ်ိန္ထိ အခ်ိဳမႈန႔္မ်ားတဲ့ "လက္ဖက္ႏွပ္" ေတြ စားေနတုန္းပဲလား အစားတလိုင္းတို႕ေရ။  သဘာဝအရသာနဲ႕ျပည့္စံုတဲ့ လက္ဖက္ႏွပ္နည္းေလးကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

လက္ဖက္ႏွပ္ရန္ ပါဝင္ပစၥည္းမ်ား လက္ဖက္အညြန္႕၊ ပုစြန္ေျခာက္၊ ၾကက္သြန္ျဖဴ၊ ဆား၊ ဟင္းခတ္မႈန္႕၊ ဆီ တို႕ လိုအပ္ပါမယ္။

 

ျပဳလုပ္နည္းကေတာ့  လက္ဖက္အညြန္႕ကို ေရႏွင့္ ခပ္ဖြာဖြာလႈပ္ၿပီး ေဆး၍ လက္ႏွစ္ဖက္ႏွင့္ ေရစင္ေအာင္ညွစ္ေပးပါ။  ၿပီးေနာက္ ေရစစ္သြားပါက ဇလံုခပ္ႀကီးႀကီးထဲထည့္ၿပီး ဖြထားပါ။

 

ၿပီးလွ်င္ ၾကက္သြန္ျဖဴ အနည္းငယ္ကို အခြံႏႊာၿပီး မညက္တညက္ေထာင္းေပးထားပါ။ က်န္ၾကက္သြန္ျဖဴတို႕ကို အကြင္းလိုက္လွီးထားပါ။

 

Read More >>>>>   ဓာတုေဗဒကင္းေဝးတဲ့ ငါးရံ႕ေျခာက္လတ္လတ္ဆတ္ဆတ္ အိမ္မွာကိုယ္တိုင္လုပ္စားရေအာင္

 

ၿပီးေနာက္ ဆား၊ ပုစြန္ေျခာက္မႈန္႕၊ ဟင္းခတ္မႈန္႕၊ ၾကက္သြန္ျဖဴေထာင္းတုိ႕ထည့္ေပးၿပီး အားလံုးသမေအာင္ နယ္ေပးထားပါ။

 

ၿပီးလွ်င္ အရသာကိုျမည္းၾကည့္ၿပီး အရသာလိုအပ္သလိုျပင္ေပးၿပီး အကြင္းလိုက္လွီးထားေသာ ၾကက္သြန္ျဖဴႏွင့္ ဆီထည့္ၿပီး သမေအာင္နယ္ေပးထားပါ။

 

အားလံုးသမသြားပါက ေလလံုေသာ ဗူးျဖစ္ျဖစ္၊ ပုလင္းျဖစ္ျဖစ္ ဆီျမွဳပ္ေအာင္ထည့္ၿပီး ေရခဲေသတၱာထဲမွာ ထားစားပါက ၾကာရွည္ခံတဲ့ လက္ဖက္ႏွပ္ေလးကို အရသာရွိစြာ သံုးေဆာင္ႏိုင္ပါတယ္။

 


မွတ္ခ်က္။   ။  လက္ဖက္အညြန္႕မဟုတ္ဘဲ လက္ဖက္အၾကမ္းျဖစ္ေနပါက လက္ဖက္အသားကို ေရျဖင့္ ႏွစ္ႀကိမ္ခန္႕ေဆးၿပီး ေရစင္ေအာင္ညွစ္၍ င႐ုတ္ဆံုတြင္ ညက္ေနေအာင္ ေထာင္းၿပီးမွ လက္ဖက္ကို ႏွပ္ေပးပါ။

 

#Myanmar Food Industrial Directory (WWH)

Read times Last modified on Tuesday, 04 February 2020 13:01
Rate this item
(0 votes)