Myanmar
ပိတ်ရက်မှာ ပီလောပီနံ ဆနွင်းမကင်းလေးလုပ်စားရအောင်
Unicode
ကလေးများနဲ့ လူကြီးများကြိုက်နှစ်သက်စေမယ့်အပြင် အိမ်တွင်လည်း လွယ်လွယ်ကူကူနဲ့ ပြုလုပ်နိုင်တဲ့ ပီလောပီနံ ဆနွင်းမကင်း လုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ပီလောပီနံ၊ ဆား၊ သကြား၊ အုန်းနို့၊ ထောပတ်၊ ဘိန်းစေ့ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ပီလောပီနံကို ရေဆေးသန့်စင်ပြီး အခွံနွှာထားပါ။
ပြီးလျှင် အသားတွေကို ခြစ်ဖြင့်ခြစ်ပြီး ဆား၊ သကြား၊ အုန်းနို့၊ ထောပတ်ထည့်ပြီး ကျိုပေးထားပါ။
Read More >>>>> စားလို႕အရမ္းေကာင္းတဲ့ အုုန္းသီး သာကူလုုံး (သာကူျပင္)
ပြီးနောက် အရောင်ပြောင်းလာလျှင် လင်ဗန်းထဲသို့ပြောင်းထည့်လိုက်ပါ။
ပြီးရင်တော့ မျက်နှာပြင်ကို ညှိပေးပါ။ ပြီးနောက် အုန်းနို့ရည်အပေါ်ကဖြူး၊ ဘိန်းစေ့လေးဖြူးပြီး မီးအေးအေးလေးနှင့် အပေါ်မီးနှင့် ညိုလာရုံလေးဖုတ်ပေးထားပါ။
ပြီးနောက် အရသာရှိတဲ့ ပီလောပီနံ ဆနွင်းမကင်းလေးကို ကြိုက်နှစ်သက်သလို အတုံးကလေးများတုံးပြီး လက်ဖက်ရည် (သို့) ကော်ဖီလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။
#Myanmar Food Industrial Directory
ကေလးမ်ားနဲ႕ လူႀကီးမ်ားႀကိဳက္ႏွစ္သက္ေစမယ့္အျပင္ အိမ္တြင္လည္း လြယ္လြယ္ကူကူနဲ႕ ျပဳလုပ္ႏိုင္တဲ့ ပီေလာပီနံ ဆႏြင္းမကင္း လုပ္နည္းေလးကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။
ပါဝင္ပစၥည္းမ်ားကေတာ့ ပီေလာပီနံ၊ ဆား၊ သၾကား၊ အုန္းႏို႕၊ ေထာပတ္၊ ဘိန္းေစ့ တို႕ လိုအပ္ပါမယ္။
ပထမဦးဆံုး ပီေလာပီနံကို ေရေဆးသန္႕စင္ၿပီး အခြံႏႊာထားပါ။
ၿပီးလွ်င္ အသားေတြကို ျခစ္ျဖင့္ျခစ္ၿပီး ဆား၊ သၾကား၊ အုန္းႏို႕၊ ေထာပတ္ထည့္ၿပီး က်ဳိေပးထားပါ။
ၿပီးေနာက္ အေရာင္ေျပာင္းလာလွ်င္ လင္ဗန္းထဲသုိ႕ေျပာင္းထည့္လိုက္ပါ။
Read More >>>>> စားလို႕အရမ္းေကာင္းတဲ့ အုုန္းသီး သာကူလုုံး (သာကူျပင္)
ၿပီးရင္ေတာ့ မ်က္ႏွာျပင္ကို ညွိေပးပါ။ ၿပီးေနာက္ အုန္းႏို႕ရည္အေပၚကျဖဴး၊ ဘိန္းေစ့ေလးျဖဴးၿပီး မီးေအးေအးေလးႏွင့္ အေပၚမီးႏွင့္ ညိဳလာ႐ံုေလးဖုတ္ေပးထားပါ။
ၿပီးေနာက္ အရသာရွိတဲ့ ပီေလာပီနံ ဆႏြင္းမကင္းေလးကို ႀကိဳက္ႏွစ္သက္သလို အတံုးကေလးမ်ားတံုးၿပီး လက္ဖက္ရည္ (သုိ႕) ေကာ္ဖီေလးႏွင့္ တြဲဖက္၍ သံုးေဆာင္ႏိုင္ပါတယ္။
#Myanmar Food Industrial Directory



