Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ပုစွန်အသေးလှော်ထောင်း

Unicode

ထမင်းမြိန်စေမယ့် ပုစွန်အသေးလှော်ထောင်း

 

 

ပုစွန်သေးသေးတွေကို လှော်ပြီးငါးပိကြော်စားလည်းကောင်းပါတယ်။ ယခုတော့ ထမင်းစားမြိန်စေဖို့အတွက် ပုစွန်အသေးလှော်ထောင်းလေး ပြုလုပ်နည်းကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ပုစွန်သေးသေး၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ မျှင်ငါးပိ၊ သံပရာသီး၊ ဆား၊ နံနံပင်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ပုစွန်သေးသေးလေးတွေကို ရေဖြင့်သန့်စင်အောင်ဆေးကြောထားပါ။

 

ပြီးလျှင် မီးဖိုပေါ်သို့ဒယ်အိုးတင်လိုက်ပါ။

 

Read More >>>>>  ထမင္းစားၿမိန္ေစမယ့္ ကင္ပြန္းခ်ဥ္႐ြက္ေထာင္း

 

ပြီးနောက် ဒယ်အိုးထဲသို့ ပုစွန်သေးသေးလေးတွေကို ခြောက်သွေ့သည်အထိ လှော်ပေးထားပါ။

 

မျှင်ငါးပိကို ဒယ်အိုးထဲသို့ထည့်၍ မီးဖုတ်ပေးပါ။ ကျက်သွားရင်  ပန်းကန်လုံးလေးထဲ ထည့်ထားပါ။

 

ပြီးလျှင် ငရုတ်သီးစိမ်းကိုလည်း ပုစွန်လှော်တဲ့အထဲ ထည့်လှော်ပေးပါ။

 

ပြီးနောက် ပုစွန်နှင့် ငရုတ်သီးစိမ်းတို့ ကျက်သွားရင် အအေးခံထားပါ။

 

အအေးခံပြီးပြီဆိုရင်တော့ ငရုတ်ဆုံထဲသို့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ မျှင်ငါးပိဖုတ်၊ ဆားနှင့် ပုစွန်သေးသေးတို့ထည့်၍ ကြေညက်သည်အထိ ထောင်းပေးပါ။

 

ပြီးလျှင် နံနံပင်ထည့်၊ သံပရာသီးအရည်ညှစ်ထည့်ပြီး သမအောင် ရောမွှေပါ။

 

ပြီးရင်တော့ ချဉ်စပ်ပုစွန်အသေးလှော်ထောင်းကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

#Myanmar Food Industry Directory

 

 

ထမင္းၿမိန္ေစမယ့္ ပုစြန္အေသးေလွာ္ေထာင္း

 

ပုစြန္ေသးေသးေတြကို ေလွာ္ၿပီးငါးပိေၾကာ္စားလည္းေကာင္းပါတယ္။ ယခုေတာ့ ထမင္းစားၿမိန္ေစဖို႕အတြက္ ပုစြန္အေသးေလွာ္ေထာင္းေလး ျပဳလုပ္နည္းကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါဝင္ပစၥည္းမ်ားကေတာ့ ပုစြန္ေသးေသး၊ ၾကက္သြန္ျဖဴ၊ င႐ုတ္သီးစိမ္း၊ မွ်င္ငါးပိ၊ သံပရာသီး၊ ဆား၊ နံနံပင္တုိ႕ လိုအပ္ပါမယ္။

 

ပထမဦးဆံုး ပုစြန္ေသးေသးေလးေတြကို ေရျဖင့္သန္႕စင္ေအာင္ေဆးေၾကာထားပါ။

 

ၿပီးလွ်င္ မီးဖိုေပၚသုိ႕ဒယ္အိုးတင္လိုက္ပါ။

 

Read More >>>>>  ထမင္းစားၿမိန္ေစမယ့္ ကင္ပြန္းခ်ဥ္႐ြက္ေထာင္း

 

ၿပီးေနာက္ ဒယ္အိုးထဲသုိ႕ ပုစြန္ေသးေသးေလးေတြကို ေျခာက္ေသြ႔သည္အထိ ေလွာ္ေပးထားပါ။

 

မွ်င္ငါးပိကို ဒယ္အိုးထဲသုိ႕ထည့္၍ မီးဖုတ္ေပးပါ။ က်က္သြားရင္  ပန္းကန္လံုးေလးထဲ ထည့္ထားပါ။

 

ၿပီးလွ်င္ င႐ုတ္သီးစိမ္းကိုလည္း ပုစြန္ေလွာ္တဲ့အထဲ ထည့္ေလွာ္ေပးပါ။

 

ၿပီးေနာက္ ပုစြန္ႏွင့္ င႐ုတ္သီးစိမ္းတို႕ က်က္သြားရင္ အေအးခံထားပါ။

 

အေအးခံၿပီးၿပီဆုိရင္ေတာ့ င႐ုတ္ဆံုထဲသုိ႕ ၾကက္သြန္ျဖဴ၊ င႐ုတ္သီးစိမ္း၊ မွ်င္ငါးပိဖုတ္၊ ဆားႏွင့္ ပုစြန္ေသးေသးတုိ႕ထည့္၍ ေၾကညက္သည္အထိ ေထာင္းေပးပါ။

 

ၿပီးလွ်င္ နံနံပင္ထည့္၊ သံပရာသီးအရည္ညွစ္ထည့္ၿပီး သမေအာင္ ေရာေမႊပါ။

 

ၿပီးရင္ေတာ့ ခ်ဥ္စပ္ပုစြန္အေသးေလွာ္ေထာင္းကို ထမင္းပူပူေလးနဲ႕ ၿမိန္ယွက္စြာ သံုးေဆာင္ႏိုင္ပါတယ္။

 

#Myanmar Food Industry Directory

Read times Last modified on Wednesday, 29 January 2020 16:42
Rate this item
(0 votes)