Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပိတ်ရက်မှာ ဆိတ်အူကြမ်း သောက်ဆမ်းချက်လေး ချက်စားရအောင်

Unicode

ပိတ်ရက်မှာ ဆိတ်အူကြမ်း သောက်ဆမ်းချက်လေး ချက်စားရအောင်


ပိတ်ရက် မိသားစုဆုံတုန်းလေး   ရှောက်ရွက်နံ့သင်းသင်းလေးနဲ့ ဆိတ်အူကြမ်း လေး ချက်စားဖို့အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ဆိတ်အူကြမ်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ချင်း၊ နနွင်းမှုန့်၊ ငရုတ်သီးအပုခြောက်၊ ဆီ၊ ရှောက်ရွက်၊ ဟင်းခတ်မှုန့်တို့လိုအပ်ပါမယ်။


Meat Products (25) အသားထွက်ပစ္စည်းများ (၂၅) ခုကိုရှာရန်နှိပ်ပါ။


ပထမဦးစွာ ဆိတ်အူကြမ်းများကို ရေနွေးပူပူလောင်း၍ အပေါ်ခွံများကို ဇွန်းဖြင့် ခြစ်ချပေးပါ။


ပြီးနောက် အတုံးသေးလေးများတုံး၍ သံပရာရည်နှင့် နယ် ကာ ရေစင်အောင်ဆေးပြီး ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ဆားတို့ဖြင့် နယ်ထားပါ။


ပြီးလျှင် ငရုတ်သီးပုခြောက်ကို ရေနွေးဖြင့်စိမ်၍ အစေ့ထုတ်ကာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ဖြင့်ရောကာ ညက်အောင် ထောင်းပါ။


Read More >>>>>  အပတ်စဉ် တနင်္ဂနွေနေ့တိုင်းဖွင့်လှစ်မယ့် အော်ဂဲနစ်ဈေးတန်း


ထိုအနှစ်များကို ဆိတ်အူကြမ်း၊ ခရမ်းချဉ်သီးတို့နှင့် နယ်၍ အိုးတစ်လုံးထဲသို့ ထည့်ပါ။


ထို့နောက် ဆီနှင့်ရေအနည်းငယ်ထည့်၍ လုံးပြီး ဆိတ်အူ ကြမ်း ကျစ်လာလျှင် ရေများများထည့်၍ တည်ပေးပါ။


ဆိတ်အူကြမ်းများ နူးလာလျှင် ရေအနည်းငယ်ကျန်သည် အထိ တည်ပြီးအရသာမြည်းပါ။


အရသာစိတ်ကြိုက်ဖြစ်လျှင် မီးပိတ်၍ ရှောက်ရွက်ပါးပါး လှီးထည့်ကာ သုံးဆောင်နိုင်ပါပြီ။


#Myanmar Food Industry Directory

 

 

 

ပိတ္ရက္မွာ ဆိတ္အူၾကမ္း ေသာက္ဆမ္းခ်က္ေလး ခ်က္စားရေအာင္


ပိတ္ရက္ မိသားစုဆံုတုန္းေလး   ေရွာက္ရြက္နံ႔သင္းသင္းေလးနဲ႔ ဆိတ္အူၾကမ္း ေလး ခ်က္စားဖို႕အတြက္ ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါ၀င္ပစၥည္းမ်ားကေတာ့ ဆိတ္အူၾကမ္း၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ခရမ္းခ်ဥ္သီး၊ ခ်င္း၊ နႏြင္းမႈန္႕၊ င႐ုတ္သီးအပုေျခာက္၊ ဆီ၊ ေရွာက္ရြက္၊ ဟင္းခတ္မႈန္႕တို႕လိုအပ္ပါမယ္။

 

Meat Products (25) အသားထြက္ပစၥည္းမ်ား (၂၅) ခုကိုရွာရန္ႏွိပ္ပါ။

 

ပထမဦးစြာ ဆိတ္အူၾကမ္းမ်ားကို ေရေႏြးပူပူေလာင္း၍ အေပၚခံြမ်ားကို ဇြန္းျဖင့္ ျခစ္ခ်ေပးပါ။

 

ၿပီးေနာက္ အတုံးေသးေလးမ်ားတုံး၍ သံပရာရည္ႏွင့္ နယ္ ကာ ေရစင္ေအာင္ေဆးၿပီး ဟင္းခတ္မႈန္႔၊ နႏြင္းမႈန္႔၊ ဆားတို႔ျဖင့္ နယ္ထားပါ။

 

ၿပီးလွ်င္ င႐ုတ္သီးပုေျခာက္ကို ေရေႏြးျဖင့္စိမ္၍ အေစ့ထုတ္ကာ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ခ်င္းတုိ႔ျဖင့္ေရာကာ ညက္ေအာင္ ေထာင္းပါ။

 

Read More >>>>>  အပတ္စဥ္ တနဂၤေႏြေန႕တိုင္းဖြင့္လွစ္မယ့္ ေအာ္ဂဲနစ္ေစ်းတန္း

 

ထုိအႏွစ္မ်ားကို ဆိတ္အူၾကမ္း၊ ခရမ္းခ်ဥ္သီးတို႔ႏွင့္ နယ္၍ အိုးတစ္လုံးထဲသို႔ ထည့္ပါ။

 

ထို႔ေနာက္ ဆီႏွင့္ေရအနည္းငယ္ထည့္၍ လုံးၿပီး ဆိတ္အူ ၾကမ္း က်စ္လာလွ်င္ ေရမ်ားမ်ားထည့္၍ တည္ေပးပါ။

 

ဆိတ္အူၾကမ္းမ်ား ႏူးလာလွ်င္ ေရအနည္းငယ္က်န္သည္ အထိ တည္ၿပီးအရသာျမည္းပါ။

 

အရသာစိတ္ႀကိဳက္ျဖစ္လွ်င္ မီးပိတ္၍ ေရွာက္ရြက္ပါးပါး လွီးထည့္ကာ သုံးေဆာင္ႏုိင္ပါၿပီ။

 

#Myanmar Food Industry Directory

Read times Last modified on Friday, 28 February 2020 11:56
Rate this item
(0 votes)