Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ချဉ်ငံစပ် သခွားသီးထောင်း

Unicode

ချဉ်ငံစပ် သခွားသီးထောင်း


ချဉ်ငံစပ် စားချင်သူများအတွက် ချဉ်ငံစပ် သခွားသီးထောင်းလေး ကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ သခွားသီး၊ ငရုတ်သီးစိမ်းအနီတောင့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်၊ သံပရာသီး၊ ထန်းလျက်ခဲ၊ ပုစွန်ခြောက်၊ ငံပြာရည်၊ သံပရာရည်၊ မြေပဲလှော်တို့လိုအပ်ပါမယ်။


ပထမဦးဆုံး သခွားသီးကို အခွံခွာပြီး အလုံးလိုက် ရေဆေး၍ ခြစ်ဖြင့်ခြစ်ပြီး ရေခဲသေတ္တာထဲမှာ ဆယ်မိနစ်လောက် ထည့်ထားပါ။


Rice Warehouses ဆန်သိုလှောင်ရုံများ ၅၈၆ ခုကိုရှာရန်နှိပ်ပါ။


ပြီးလျှင် ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ခြမ်း ခွဲထားပါ။


ပြီးနောက် ပဲတောင့်ရှည်များကို ရေဆေးပြီး တစ်လက်မလောက် အနေတော် လှီးထားပါ။


ပြီးလျှင် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ မထူမပါး လှီးထားပါ။


ပြီးနောက် မြေပဲလှော်ကို အခွံချွတ်ထားပါ။


ပြီးလျှင် သံပရာသီးကို အူတိုင်ဖယ်ပြီး အစိတ်ကလေးတွေဖြစ်အောင် လှီးပေးပါ။


ပြီးနောက်  ကြံသကာအနှစ်ကို အဆင်သင့် ပြင်ထားပါ။


ပြီးလျှင် ငရုတ်ဆုံထဲမှာ ပုစွန်ခြောက်ကို မညက်တညက် ထောင်းပေးပါ။


ပြီးနောက်  ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ပုစွန်ခြောက်ထဲ ထည့်ထောင်းပါ။


ပြီးလျှင် ငရုတ်သီးစိမ်းကိုလဲ ရေဆေးကာ အညှာခြွေပြီး မညက်တညက် ထည့်ထောင်းပေးပါ။


ပြီးနောက် ထန်းလျက်ခဲ၊ ငံပြာရည်၊ သံပရာရည်တို့ထည့်ပြီး ငရုတ်ကျည်ပွေ့နှင့် သမအောင် ခပ်ဖွဖွ မွှေပေးပါ။


ပြီးလျှင်  ပဲတောင့်ရှည်နှင့် ခရမ်းချဉ်သီးလေးတွေကိုထည့်ပြီး လေး ငါးချက်လောက် ခပ်ဖွဖွ ထောင်းပေးပါ။


Read More    >>>>>   အိမ်မှာ ကိုယ်တိုင် အီကြာကွေးပြုလုပ်နည်း


ပြီးနောက် အားလုံး သမသွားပြီဆိုတော့မှ လှီးထားသော ကြက်သွန်နီကို အအေးခံထားသော သခွားသီးနှင့် သံပရာရည်ညှစ်ပြီး အခွံပါထည့်ကာ ခပ်ဖွဖွလေး၍ မွှေပေးပါ။


ပြီးရင်တော့  ချိုချဉ်ငံစပ်ပြီး မွှေးနေတဲ့ သခွားသီးထောင်းကိုထောင်းကို ပန်းကန်ထဲထည့်ပြီး ပဲတောင့်ရှည်ဘေးမှာထားပြီး မြေပဲလှော်ဖြူးကာ အသင့်သုံးဆောင်နိုင်ပါတယ်။


Myanmar Food Industry Directory

 

 

Zawgyi

 

ခ်ဥ္ငံစပ္ သခြားသီးေထာင္း

 

ခ်ဥ္ငံစပ္ စားခ်င္သူမ်ားအတြက္ ခ်ဥ္ငံစပ္ သခြားသီးေထာင္းေလး ကို ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါဝင္ပစၥည္းမ်ားကေတာ့ သခြားသီး၊ င႐ုတ္သီးစိမ္းအနီေတာင့္၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ခရမ္းခ်ဥ္သီး၊ ပဲေတာင့္ရွည္၊ သံပရာသီး၊ ထန္းလ်က္ခဲ၊ ပုစြန္ေျခာက္၊ ငံျပာရည္၊ သံပရာရည္၊ ေျမပဲေလွာ္တို႔လိုအပ္ပါမယ္။

 

ပထမဦးဆုံး သခြားသီးကို အခြံခြာၿပီး အလုံးလိုက္ ေရေဆး၍ ျခစ္ျဖင့္ျခစ္ၿပီး ေရခဲေသတၱာထဲမွာ ဆယ္မိနစ္ေလာက္ ထည့္ထားပါ။

 

Rice Warehouses ဆန္သိုေလွာင္ရံုမ်ား ၅၈၆ ခုကုိရွာရန္ႏွိပ္ပါ။

 

ၿပီးလွ်င္ ခရမ္းခ်ဥ္သီးကို ေရေဆးၿပီး ထက္ျခမ္း ခြဲထားပါ။


ၿပီးေနာက္ ပဲေတာင့္ရွည္မ်ားကို ေရေဆးၿပီး တစ္လက္မေလာက္ အေနေတာ္ လွီးထားပါ။

 

ၿပီးလွ်င္ ၾကက္သြန္နီကို အခြံခြာၿပီး ေရေဆးကာ မထူမပါး လွီးထားပါ။

 

ၿပီးေနာက္ ေျမပဲေလွာ္ကို အခြံခြၽတ္ထားပါ။


ၿပီးလွ်င္ သံပရာသီးကို အူတိုင္ဖယ္ၿပီး အစိတ္ကေလးေတြျဖစ္ေအာင္ လွီးေပးပါ။

 

ၿပီးေနာက္  ႀကံသကာအႏွစ္ကို အဆင္သင့္ ျပင္ထားပါ။

 

ၿပီးလွ်င္ င႐ုတ္ဆုံထဲမွာ ပုစြန္ေျခာက္ကို မညက္တညက္ ေထာင္းေပးပါ။

 

ၿပီးေနာက္  ၾကက္သြန္ျဖဴကို အခြံခြာၿပီး ေရေဆးကာ ပုစြန္ေျခာက္ထဲ ထည့္ေထာင္းပါ။

 

ၿပီးလွ်င္ င႐ုတ္သီးစိမ္းကိုလဲ ေရေဆးကာ အညႇာေႁခြၿပီး မညက္တညက္ ထည့္ေထာင္းေပးပါ။

 

ၿပီးေနာက္ ထန္းလ်က္ခဲ၊ ငံျပာရည္၊ သံပရာရည္တို႔ထည့္ၿပီး င႐ုတ္က်ည္ေပြ႕ႏွင့္ သမေအာင္ ခပ္ဖြဖြ ေမႊေပးပါ။

 

ၿပီးလွ်င္  ပဲေတာင့္ရွည္ႏွင့္ ခရမ္းခ်ဥ္သီးေလးေတြကိုထည့္ၿပီး ေလး ငါးခ်က္ေလာက္ ခပ္ဖြဖြ ေထာင္းေပးပါ။

 

Read More    >>>>>   အိမ္မွာ ကိုယ္တိုင္ အီၾကာေကြးျပဳလုပ္နည္း

 

ၿပီးေနာက္ အားလုံး သမသြားၿပီဆိုေတာ့မွ လွီးထားေသာ ၾကက္သြန္နီကို အေအးခံထားေသာ သခြားသီးႏွင့္ သံပရာရည္ညႇစ္ၿပီး အခြံပါထည့္ကာ ခပ္ဖြဖြေလး၍ ေမႊေပးပါ။

 

ၿပီးရင္ေတာ့  ခ်ိဳခ်ဥ္ငံစပ္ၿပီး ေမႊးေနတဲ့ သခြားသီးေထာင္းကိုေထာင္းကို ပန္းကန္ထဲထည့္ၿပီး ပဲေတာင့္ရွည္ေဘးမွာထားၿပီး ေျမပဲေလွာ္ျဖဴးကာ အသင့္သုံးေဆာင္ႏိုင္ပါတယ္။

 

Myanmar Food Industry Directory

Read times Last modified on Wednesday, 04 March 2020 15:37
Rate this item
(1 Vote)