Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းစားမြိန်စေမယ့် ဆိတ်သားခြောက်ထောင်း

Unicode >>>>>

ထမင်းစားမြိန်စေမယ့် ဆိတ်သားခြောက်ထောင်း


ထမင်းစားမြိန်စေမယ့် ဆိတ်သားခြောက်ကို အိမ်တွင်လွယ်လင့်တကူလုပ်နိုင်ပြီး ရေနွေးကြမ်းလေးနှင့် မြည်းလို့ရတဲ့ ဆိတ်သားခြောက်ထောင်းလေးကို တင်ပြပေးလိုက်ပါတယ်။


Fruit Sellers သစ်သီးရောင်းဝယ်သူများ (၇၁) ခုကိုရှာရန်နှိပ်ပါ။


လိုအပ်သည့်အမယ်များကတော့ ဆိတ်သားခြောက်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ ရှမ်းနံနံ၊ ပင်စိမ်း၊ သံပရာသီး၊ ဆီ၊ ဆားတို့ လိုအပ်ပါတယ်။


ပထမဆုံး ဆိတ်သားခြောက်ကို ဒယ်အိုးထဲထည့် ရေထည့်ပြီး ရေခန်းအောင် ပြုတ်ထားပါ။ ပြီးလျှင် ဆိတ်သားခြောက်ကို အမျှင်လေးများဖြစ်အောင် မွထားပါ။


ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ ဆားတို့ကို ထည့်ထောင်းပါ။ ညက်ပြီဆိုရင် ရှမ်းနံနံ၊ ပင်စိမ်းတို့ကို လှီးဖြတ်ပြီး ရောထောင်းထားပါ။


ပြီးနောက် မွထားတဲ့ ဆိတ်သားမျှင်လေးတွေကို သမအောင်ထောင်းပြီး ဆီ၊ သံပရာသီးလေးညှစ်ထည့်၍ အသင့်သုံးဆောင်နိုင်ပါတယ်။


Read More >>>>>     စားသုံးဆီများ အလွန်အကျွံ မဝယ်သင့်


ပြီးလျှင်အပေါ်မှ ဆလပ်ရွက်၊ နံနံပင်လေးနဲ့ အလှဆင်ပြီး ရေနွေးကြမ်း ထမင်းပူပူလေးနဲ့တွဲစားလျှင် အလွန်စားလို့မြိန်စေပါတယ်။


Myanmar Food Industry Directory

 

 

Home Page Food

 

 

 ပုံကို နှိပ်ပါ

Screenshot from 2020 03 26 08 49 32

 

Zawgyi >>>>>

 


 


 




 


 


 


 


 


 


 

Read times Last modified on Tuesday, 31 March 2020 09:41
Rate this item
(0 votes)