Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကောက်ညှင်းဆနွင်းမကင်းလေး အိမ်တွင်လုပ်စားရအောင်

Unicode >>>>>

 

ကောက်ညှင်းဆနွင်းမကင်းလေး အိမ်တွင်လုပ်စားရအောင်


အချိုပွဲအတွက် ကောက်ညှင်းဆနွမ်းမကင်းကတော့ အလွန်လွယ်ပါတယ်။ ပြီးတော့ စားလို့လည်းကောင်းပါတယ်။

 


Noodles (Instant) အသင့်စားခေါက်ဆွဲလုပ်ငန်းများ (၄၇) ခုကို ရှာရန်နှိပ်ပါ။


 
အဲဒါကြောင့် ဆိုင်တွင် ဝယ်စားစရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ကောက်ညှင်းဆနွင်းမကင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းတွေကတော့ ကောက်ညှင်းဆန်၊ အုန်းနို့၊ သကြား၊ ဆား တို့လိုအပ်ပါမယ်။


ပထမဦးဆုံး ကောက်ညှင်းဆန်ကို ရေတစ်ည စိမ်ထားပေးပါ။


ပြီးလျှင် ကောက်ညှင်းများကို နူးကာနီး အထိပေါင်းထားပါ။ ပေါင်းတာများသွားရင် မုန့်ဖုတ်တဲ့အခါ မုန့်သား အတုံးမထွက်ဘဲ ပျော့တတ်တဲ့အတွက်ကြောင့်  ပေါင်းတယ် ဆိုပေမယ့် လွယ်လွယ်ပဲ ထမင်းချက်သလို ရေထည့်ပြီး အဖုံးအုပ်ချက်တာပါ။


ပြီးနောက် အိုးတစ်လုံးထဲမှာ အုန်းနို့ကိုထည့်ပြီး သကြားနဲ့ ပျစ်လာသည်အထိ အတူရော ကြိုပေးပါ။


ပြီးလျှင် ပေါင်းထားတဲ့ ကောက်ညှင်းများရောမွှေပြီး ရေခမ်းလာပြီး ပျစ်လာသည်အထိ မွှေပေးပါ။


Read More >>>>>   ပဲကောက်ညှင်းထုပ် ပြုလုပ်နည်း


ပျစ်လာရင် ဆီသုတ်ပြီး လင်ဘန်းထဲသို့ထည့်ကာ မျက်နှာပြင် ညှိထားပါ။


ပြီးနောက် ကျန်အုန်းရည်များကို မျက်နှာပြင်ပေါ်လောင်းကာ ဘိန်းစေ့ကြိုက်ရင် ဖြူးနိုင်ပါတယ်။ သကြားဖြူးရင်လည်း ရပါတယ်။


ပြီးလျှင် ကြိုတင် အပူပေးထားသော အလယ်ဆင့်တွင် အပေါ်မီး များများ အောက်မီး နဲနဲဖြင့် ၂၅၀ ဒီဂရီ ဖာရင်ဟိုက်ဖြင့် မိနစ် ၃၀ ခန့် ဖုတ်ပေးပါ။


မုန့်ကျက်မကျက်ကို မုန့်အလယ်ကို ဓားဖြင့်ထိုးကြည့်လို့ မုန့်သားမကပ်နေရင် မုန့်ကျက်ပါပြီ။


ပြီးလျှင် အပြင်ထုတ်ပြီး အေးလာရင် ကိုယ့်စိတ်ကြိုက်ပုံစံလှီးပြီး အသင့်သုံးဆောင်နိုင်ပါတယ်။


Myanmar Food Industry Directory

 

Home Page Food

 

COVID 19

 

Zawgyi>>>>>

 

ေကာက္ညွင္းဆႏြင္းမကင္းေလး အိမ္တြင္လုပ္စားရေအာင္

 

အခ်ဳိပြဲအတြက္ ေကာက္ညွင္းဆႏြမ္းမကင္းကေတာ့ အလြန္လြယ္ပါတယ္။ ၿပီးေတာ့ စားလို႕လည္းေကာင္းပါတယ္။

 

Noodles (Instant) အသင့္စားေခါက္ဆြဲလုပ္ငန္းမ်ား (၄၇) ခုကို ရွာရန္ႏွိပ္ပါ။


 
အဲဒါေၾကာင့္ ဆိုင္တြင္ ဝယ္စားစရာမလုိဘဲ အိမ္တြင္လည္း လြယ္လင့္တကူ ျပဳလုပ္ႏိုင္တဲ့ ေကာက္ညွင္းဆႏြင္းမကင္းေလးကို ေဖာ္ျပေပးလိုက္္ပါတယ္။

 

ပါဝင္ပစၥည္းေတြကေတာ့ ေကာက္ညွင္းဆန္၊ အုန္းႏို႕၊ သၾကား၊ ဆား တို႕လိုအပ္ပါမယ္။

 

ပထမဦးဆံုး ေကာက္ညွင္းဆန္ကို ေရတစ္ည စိမ္ထားေပးပါ။

 

ၿပီးလွ်င္ ေကာက္ညွင္းမ်ားကို ႏူးကာနီး အထိေပါင္းထားပါ။ ေပါင္းတာမ်ားသြားရင္ မုန္႕ဖုတ္တဲ႔အခါ မုန္႕သား အတုံးမထြက္ဘဲ ေပ်ာ့တတ္တဲ့အတြက္ေၾကာင့္  ေပါင္းတယ္ ဆိုေပမယ့္ လြယ္လြယ္ပဲ ထမင္းခ်က္သလို ေရထည့္ၿပီး အဖုံးအုပ္ခ်က္တာပါ။

 

ၿပီးေနာက္ အိုးတစ္လုံးထဲမွာ အုန္းႏို႕ကိုထည့္ၿပီး သၾကားနဲ႔ ပ်စ္လာသည္အထိ အတူေရာ ႀကိဳေပးပါ။

 

ၿပီးလွ်င္ ေပါင္းထားတဲ႔ ေကာက္ညွင္းမ်ားေရာေမႊၿပီး ေရခမ္းလာၿပီး ပ်စ္လာသည္အထိ ေမႊေပးပါ။

 

Read More >>>>>   ပဲေကာက္ညွင္းထုပ္ ျပဳလုပ္နည္း

 

ပ်စ္လာရင္ ဆီသုတ္ၿပီး လင္ဘန္းထဲသို႕ထည့္ကာ မ်က္ႏွာျပင္ ညွိထားပါ။

 

ၿပီးေနာက္ က်န္အုန္းရည္မ်ားကို မ်က္ႏွာျပင္ေပၚေလာင္းကာ ဘိန္းေစ့ႀကိဳက္ရင္ ျဖဴးႏိုင္ပါတယ္။ သၾကားျဖဴးရင္လည္း ရပါတယ္။

 

ၿပီးလွ်င္ ႀကိဳတင္ အပူေပးထားေသာ အလယ္ဆင့္တြင္ အေပၚမီး မ်ားမ်ား ေအာက္မီး နဲနဲျဖင့္ ၂၅၀ ဒီဂရီ ဖာရင္ဟိုက္ျဖင့္ မိနစ္ ၃၀ ခန္႕ ဖုတ္ေပးပါ။

 

မုန္႕က်က္မက်က္ကို မုန္႕အလယ္ကို ဓားျဖင့္ထိုးၾကည့္လို႕ မုန္႕သားမကပ္ေနရင္ မုန္႕က်က္ပါၿပီ။

 

ၿပီးလွ်င္ အျပင္ထုတ္ၿပီး ေအးလာရင္ ကိုယ့္စိတ္ႀကိဳက္ပံုစံလွီးၿပီး အသင့္သံုးေဆာင္ႏိုင္ပါတယ္။

 

Myanmar Food Industry Directory

Read times Last modified on Wednesday, 01 April 2020 15:48
Rate this item
(0 votes)