Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ပင်လယ်ပြင်အတွင်း ငါး ၊ ပုစွန် တန်ချိန် ဝ.၁ သန်းသာ ဖမ်းဆီးခွင့်ပြု

မြန်မာ့ပင်လယ်ပြင်အတွင်း ငါး ၊ ပုစွန် တန်ချိန် ဝ.၁ သန်းသာ ဖမ်းဆီးခွင့်ပြု Google

၁၉၇၉-၁၉၈၀ခုနှစ်တွင် ငါးဖမ်းဆီး ထုတ်လုပ်နိုင်မှု ပမာဏ ခွင့်ပြုချက် အနေဖြင့် အမြင့်ဆုံးတန်ချိန်သည်

(၁.၀၅)သန်း ရှိခဲ့ရာမှ မြန်မာ့ပင်လယ်အတွင်း ရေသယံဇာတ ငါး ၊ ပုစွန် တည်ရှိမှုအရ လက်ရှိမှာ ဖမ်းဆီးထုတ်လုပ်ခွင့်အရ တန်ချိန် ဝ.၁ သန်းသာ ခွင့်ပြုတော့တယ်လို့ ၂၀၂၀ခုနှစ် စက်တင်ဘာလ ၃ရက်နေ့ကစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးရဲ့ ပြောကြားချက်အရ ဆင်ဟွာသတင်းဌာနမှ သိရသည်။

 

“ဒါကြောင့်ကျွန်တော်တို့ ငါးမဖမ်းရရာသီကို ၂၀၂၀ပြည့်နှစ်မှာ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ် ဆိုပြီးသုံးလသတ်မှတ် တာကနေ ၂၀၂၁ မှာ တော့ ဧပြီ လ ကိုရှေ့တိုးသတ်မှတ် သွားမှာပါ။ လရှေ့တိုးရတဲ့ အကြောင်းက ဖေဖော်ဝါရီ ၁၅ ရက် က ဧပြီ ၁၅ ရက်အတွင်းမှာ ငါးမျိုးစိတ်တော်တော်များများ ငါးသားပေါက်တယ် လို့သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိတဲ့ အတွက် အခုလိုဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အဲ့ဒီကာလမှာ မြန်မာ့ပင်လယ်ပြင် ကမ်းဝေးရေပြင် အားလုံးကို လုံးဝ ငါးမဖမ်းရဘူး ဆိုပြီး သတ်မှတ်တာပါ။ ငါးသယံဇာတတွေ ပြန်လည်တိုးပွားလာအောင်ရည်ရွယ်ပြီးလုပ်ဆောင်တာဖြစ်ပါတယ်” လို့ ဦးမြင့်ဇင်ထူးကပြောကြားသည်။

 

သုတေသနပြုချက်များအရ ရေပေါ်လွှာ ငါးသယံဇာတသည် ၁၉၇၉-၈၀ ခုနှစ် တွင် တန်ချိန်(၁)သန်းခန့်ရှိရာမှ ၂၀၁၃-၂၀၁၅ နှင့် ၂၀၁၈ ခုနှစ်များ၏ ရေပေါ်လွှာ ငါးထုထည် ပမာဏသည် တန်ချိန်(ဝ.၁၅၅)သန်း သာ ရှိတော့သဖြင့် (၈၀%)ခန့်လျော့နည်းသွားပြီး ရေအောက် ငါးတည်ရှိမှုပမာဏသည် ယခင်က တန်ချိန်(ဝ.၇၅)သန်း ရှိရာမှ လက်ရှိတွင် တန်ချိန်(ဝ.၃၀၆)သန်း သာရှိတော့သဖြင့် (၆၀%)ခန့် လျော့နည်းသွားကြောင်းသိရသည်။

 

“ဒါ့ကြောင့် ငါးမဖမ်းရကာလ ကမ်းဝေးငါးဖမ်းလုပ်ငန်းမှာ ငါးဖမ်းမယ် ဆိုရင် ပထမအကြိမ်စည်းကမ်းဖောက်ဖျက်ခဲ့ပါက မြန်မာငွေကျပ် သိန်း ၃၀ ဒဏ်ရိုက်တယ်။ ပြီးရင် ငါးဖမ်းခွင့်ကို ၃လနားခိုင်းပါတယ်။ ဒုတိယ အကြိမ် ဆိုရင် သိန်း ၆၀ နဲ့ ၆ လနားခိုင်းပါတယ်။ လှေရော၊လှေပေါ်ပါပစ္စည်းရော သိမ်းယူတာတွေလည်း ဆောင်ရွက်လျက်ရှိပါတယ်’’ လို့ ဦးမြင့်ဇင်ထူးက ထပ်မံ ရှင်းပြသည်။

 

မြန်မာ့ရေပိုင်နက်ပိုင်ဧရိယာအတွင်း ကမ်းဝေးငါးဖမ်း အကွက်ပေါင်း ၁၄၀ ရှိကြောင်း၊ တစ်ကွက်လျှင် မိုင်၃၀ ပတ်လည် ရှိကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် မြန်မာ့ပင်လယ်ပြင်ရှိ ငါးသယံဇာတ ပြန်လည်ပေါများလာစေရေးအတွက် လုပ်သင့် လုပ်ထိုက်သည်များအား ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ဥပဒေချိုးဖောက်မှုရှိပါက ထိထိရောက်ရောက်အရေးယူမှုများ ပြုလုပ်သွားမယ်လို့ သိရသည်။

 

By Wyk (Myanmar Food Guide)

 

Xinhua

Read times
Rate this item
(0 votes)