Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


COVID-19 လူနာတွေ့ရှိသော စားသောက်ကုန်စက်ရုံများ ကို Stay Home အစီအစဉ်တွင်ထည့်သွင်းရန် အလုပ်သမားရေးရာ အဖွဲ့ ၁၂ ဖွဲ့တောင်းဆို

COVID-19 လူနာတွေ့ရှိသော စားသောက်ကုန်စက်ရုံများ ကို Stay Home အစီအစဉ်တွင်ထည့်သွင်းရန် အလုပ်သမားရေးရာ အဖွဲ့ ၁၂ ဖွဲ့တောင်းဆို Google

ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာန ညွှန်ကြားချက်အရ စားသောက်ကုန်နှင့်ဆက်စပ်လျက်ရှိသော လုပ်ငန်းများ

ဆက်လက်လည်ပတ်ရန်ခွင့်ပြုထားသည့်အတွက် စားသောက်ကုန်လုပ်ငန်းများနဲ့ ဆက်စပ်လုပ်ငန်းများ ဆက်လက်လည်ပတ်လျက်ရှိသည်။


"စားသောက်ကုန်လုပ်ငန်းတွေမှာလည်းရောဂါပိုးတွေ့ရှိသူတွေများလာပါတယ်။ကျွန်တော်တို့အဖွဲ့ချုပ်ထဲကစားသောက်ကုန်လုပ်ငန်းတွေထဲမှာကိုဘဲပိုးတွေ့ရှိသူ ၁၀ ဦးအထိရှိလာပါပြီ။စားသောက်ကုန်ကပိုဂရုစိုက်ရမှာ ဒီစားသောက်ကုန်ကတစ်ဆင့် ပြည်သူလူထုပါအန္တရာယ်ပေးနိုင်လားတွေးရပါတယ်။အဲ့ဒါကြောင့်မရှိမဖြစ် အခြေ ခံစားသောက်ကုန် ဆန်တို့ ဆီတို့နေ့စဉ်အဟာရပြည့်အောင်စားနေတာတွေပြောတာဖြစ်ပါတယ်။ကော်ဖီတို့ မုန့်စက်ရုံတို့တွေဆက်ဖွင့်နေကြပြီး ကူးစက်မှုတွေများလာရင် စိုးရိမ်စရာရှိပါတယ်"ဟု မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (MICS)အထွေထွေအတွင်းရေးမှူးချုပ်ဦးသက်နှင်းအောင်ကပြောကြားသည်။


ယခုအခါတွင် အဆိုပါစားသောက်ကုန် စက်ရုံ၊အလုပ်ရုံများတွင်လည်းပိုးတွေ့လူနာများတွေ့ရှိလာ၍ စက်ရုံရှိအလုပ်သမားများမှစိုးရိမ်ပူပန်မှုများရှိလာ၍ အဆိုပါစက်ရုံများကိုယာယီပိတ်ပေးရန် အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ ၁၂ ဖွဲ့ကတောင်းဆိုလိုက်ပါတယ်။


"အဓိကကတော့ စားသောက်ကုန်မှာလုပ်နေတဲ့အလုပ်သမားတွေလဲအသက်ရှိကြပါတယ်ဒီလုပ်ငန်းတွေမှာလည်း အတည်ပြုလူနာတွေ့ရှိမှုတွေတိုးလာတော့ ထိစပ်သူတွေလည်းရှိတော့ လူနာတွေ့ရှိမှုပေါ်မူတည်ပြီး အစိုးရက သွားရောက်စစ်ဆေးပေးပြီး stay home အစီအစဉ်ထဲထည့်ပေးဖို့အလုပ်သမားတွေကိုယ်စားတောင်းဆိုပါတယ်"ဟု မြန်မာနိုင်ငံအထည်ချုပ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တာဝန်ခံ ဒေါ်မိုးစန္ဒာမြင့်ကပြောကြားသည်။


ရန်ကုန်တိုင်းဒေသကြီးမှာ COVID-19 ရောဂါ အတည်ပြုလူနာများ ပိုမိုတွေ့ရှိရခြင်း၊ ရောဂါကူးစက်ခံထားရသူဖြစ်သော်လည်း မည်သည့် ရောဂါ လက္ခဏာ မျှ မပြသေးသဖြင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှား လုပ်ကိုင်နေသူများ ကြောင့်ရောဂါဖြစ် ပွားပျံ့နှံ့မှုနှုန်း မြင့်မားသွားနိုင်သဖြင့် အဆိုပါ CMP လုပ်ငန်းစက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကိုင် မည့် သူများအား အောက်တိုဘာ ၈ ရက်မှ ၂၁ ရက်နေ့ထိ လုပ်ငန်းခွင်သွားရောက်ခွင့် မပြုရန် ထပ်မံ တိုးမြှင့်လိုက်တာဖြစ်ပြီးအဆိုပါထုတ်ပြန်ချက်တွင်စားသောက်ကုန်လုပ်ငန်းများမပါဝင်သည့်အတွက်ဆက်လက်ဖွင့်လှစ်နေကြခြင်းဖြစ်သည်။

 

 

 

By Myanmar Food Guide

Read times
Rate this item
(0 votes)