Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းထွက် ပြောင်းများကို ထိုင်းနိုင်ငံသို့တစ်နေ့လျှင် ကားအစီးရေ ၁ဝဝ ကျော် တင်ပို့နေရ

ပြည်တွင်းမှထွက်ရှိသောပြောင်းများကို တရုတ်နိုင်ငံသို့  တင်ပို့မှုရပ်ဆိုင်းနေသော် လည်း ထိုင်းနိုင်ငံသို့ နေ့စဉ် ကားအစီးရေ  ၁ဝဝ ကျော် တင်ပို့နေရကြောင်း မြန်မာနိုင်ငံ အဝေးပြေး  ကုန်စည်ပို့ဆောင်ရေးအသင်း အတွင်းရေးမှူး ဦးအောင်မိုး၏ပြောပြချက် အရ သိရသည်။

 

လတ်တလောတွင် တရုတ်နိုင်ငံမှ ပြောင်းအပါအဝင် ဆန်၊ ဆန်ကွဲ၊ ပဲ၊  သကြားတို့ကို  ဝယ်ယူမှုမရှိသဖြင့် တင်ပို့မှု  လျော့ကျနေ သော်လည်း ထိုင်းနိုင်ငံသို့ တင်ပို့နေရကြောင်း သိရသည်။

 

''တရုတ်နိုင်ငံဘက်က အဝယ်ရပ်နေပေမယ့်  မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းကို  နယ်စုံကနေ  ပြောင်းကားတွေ နေ့စဉ် ရာနဲ့ ချီပြီး   အဝင်ရှိတယ်။   သင်္ကြန်ပြီးရင်တော့   ဘယ်လိုဖြစ်ဦးမလဲမသိဘူး''ဟု ဦးအောင်မိုး ကပြောသည်။

 

လတ်တလောတွင် မြဝတီနယ်စပ်ကုန် သွယ်ရေးစခန်း၌  ပြောင်းတစ်ပိဿာလျှင် ငွေကျပ်   ၅၂ဝ ဝန်းကျင်ဖြင့်   ဝယ်ယူ လျက် ရှိပြီး  ပြောင်းအထွက်နှုန်းကောင်းမွန်သည့်  အပြင် ပြည်တွင်းပြည်ပ ဝယ်လိုအား နည်းပါးနေသဖြင့် ပြောင်းဈေး နှုန်းများ ယခင်နှစ် ကထက်ကျဆင်းလျက်ရှိကြောင်း   ပြောင်းကုန်သည် ဦးကြည်ဝင်းကပြောသည်။

 

ပြောင်းကို နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊  ဧရာဝတီတိုင်း ဒေသကြီး၊  ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည် နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့၌ စိုက်ပျိုး လျက်ရှိပြီး ရှမ်းပြည်နယ် မှထွက်ရှိသည့်ပြောင်းကို မူဆယ်သို့ အဓိက ထားတင်ပို့လျက်ရှိသည်။

 

မြန်မာနိုင်ငံ၌ ပြည်တွင်းစားသုံးမှုထက် နှစ်စဉ်ပိုလျှံစွာပြောင်းထုတ်လုပ်နိုင်ပြီး ပြောင်းတင်ပို့မှု၏ ၉ဝ ရာခိုင်နှုန်းကျော်ကို တရုတ် နိုင်ငံသို့  တင်ပို့နေရကာ  ထိုင်း၊ ဗီယက်နမ်၊  ဖိလစ်ပိုင်၊    ဟောင်ကောင်၊   မလေးရှား၊  စင်ကာပူ၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့လည်း တင်ပို့ကြောင်း သိရသည်။

 

ပြည်ပနိုင်ငံများသို့ ပြောင်းတင်ပို့ရာတွင်   အာဆီယံ ၁ဝ နိုင်ငံအနက်   မြန်မာနိုင်ငံသည်  ဒုတိယတင်ပို့မှု အများဆုံး နိုင်ငံဖြစ် ကြောင်း သိရသည်။  

 

Source: Myawaddy

Read times Last modified on Thursday, 11 April 2019 10:07
Rate this item
(1 Vote)