Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကောက်ရိုးမှို စိုက်ပျိုးသူများပြားလာသဖြင့် မှိုမျိုးထုတ်ကုန်ကြမ်း လိုအပ်ချက်မြင့်မားနေ

လက်ရှိတွင်   ကောက်ရိုးမှိုစိုက်ပျိုးသူ များပြားလာသောကြောင့် မှိုမျိုးထုတ်ကုန်ကြမ်း လိုအပ်ချက် မြင့်မားလာကြောင်း ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်မြို့မှ မှိုနှင့် မှိုမျိုးထုတ်လုပ်သူ  ဦးဝင်းအောင်ထံမှ သိရပါတယ်။

 

''တောင်သူတွေအနေနဲ့ ပြီးခဲ့တဲ့နိုဝင်ဘာလလောက်ကတည်းက စပါးတွေ ရိတ်သိမ်းပြီးကုန်ပြီ။ အခုအဲဒီစပါး ရိတ်ထားတဲ့ ကောက်ရိုး(ရိုးပြတ်)နဲ့ ဗေဒါပင်တွေလည်း နုတ်ရ၊ ရိတ်ရတာ အဆင်ပြေနေချိန်ဆိုတော့ အပိုဝင်ငွေ တိုးအောင် ကောက်ရိုးမှို စိုက်လာကြတယ်။ လက်ရှိမှာ မှိုဈေးကွက်လည်း  ကောင်းနေတယ်'' ဟု ဦးဝင်းအောင် ကပြောကြားခဲ့ပါတယ်။

 

ကောက်ရိုးမှိုကို ယခင်နှစ်များက အနည်းငယ်သာ စိုက်ပျိုးမှုရှိပြီး ယခုနှစ်တွင် စိုက်ပျိုးသူဦးရေ တိုးလာကာ တချို့မှာ  ပထမဆုံး စိုက်ပျိုးခြင်းဖြစ်သောကြောင့် ကျွမ်းကျင်မှုမရှိသဖြင့် အစပိုင်းတွင် မှိုထွက်ရှိမှုနည်းခြင်းကို ကြုံရသော်လည်း ဈေးကွက်တွင် တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝဝ မှ  ၇ဝဝဝ ကြား ရရှိနေသောကြောင့် အရှုံးမရှိကြောင်း သိရပါတယ်။

 

လက်ရှိ မှိုဈေးကွက်အတွင်း စိုက်ပျိုးသူ အများဆုံးဖြစ်နေသည့်  ကောက်ရိုးမှိုနှင့် ငွေနှင်းမှိုတို့တွင် ကောက်ရိုးမှိုမှာ ကောက်ရိုးကို အဓိကကုန်ကြမ်းအဖြစ် အသုံးပြုစိုက်ပျိုးရခြင်း ဖြစ်သဖြင့် လယ်စိုက်ပျိုးသူများ အတွက် စိုက်ပျိုးရန်   လွယ်ကူနေခြင်းဖြစ်ကြောင်း၊ ကောက်ရိုးမှိုစိုက်ပျိုးသူများ အနေဖြင့် ပြည်ပဈေးကွက်ကို မျှော်မှန်းခြင်း မဟုတ်ဘဲ ပြည်တွင်းဈေးကွက်ကိုသာ အဓိကထား ရောင်းချနေကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 22 January 2019 15:52
Rate this item
(1 Vote)