Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မြစ်ဝကျွန်းပေါ်ဒေသမှထွက်သော ရေထွက်ကုန်ပစ္စည်းများကို စျေးကွက်များသို့ တင်ပို့ရောင်းချမည်

မြစ်ဝကျွန်းပေါ်ဒေသမှထွက်သော ရေထွက်ကုန်ပစ္စည်းများကို စျေးကွက်များသို့ တင်ပို့ရောင်းချမည်

TO GET INSTANT UPDATE

Join Telegram Channel
https://t.me/Guid4U

 

မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေဒေသမှ ထွက်ရှိသော ရေထွက်ကုန်ပစ္စည်းမျာကို နိုဝင်ဘာလမှစ၍ စျေးကွက်သို့တင်ပို့ရောင်းချပေးနပြီဖြစ်ကြောင်း ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာမှ ပင်လယ်ရေလုပ်ငန်းရှင်ထံမှ သိရသည်။

 

ပုသိမ်မြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်စလူမြို့များရှိ ပင်လယ်ကမ်းခြေဒေသများတွင် ပင်လယ်ရေလုပ်ငန်း ရာသီကို နှစ်စဉ် စက်တင်ဘာလလယ်မှ မေလလယ်ထိ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယခုနှစ် ပင်လယ်ရေလုပ်ငန်းများကို အောက်တိုဘာလမှစ၍ လုပ်ကိုင်ခဲ့ရာ ရေထွက်ကုန်ပစ္စည်းများကို စျေးကွက်များသို့ နိုဝင်ဘာလမှစ၍ တင်ပို့ရောင်းချပေးရာ ရန်ကုန်စျေးကွက်နှင့် မြန်မာနိုင်ငံ အထက်ပိုင်း စျေးကွက်များသို့ တင်ပို့ရောင်းချပေးကြောင်း သိရသည်။

 

မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေဒေသရှိ ပင်လယ်ရေလုပ်ငန်းများမှ မျှင်ငါးပိ၊ ငါးကွမ်းရှပ်ငါးခြောက်နှင့် ငါးစည်ဖောင်းများကို စျေးကွက်သို့ တင်ပို့ရောင်းချပေးနေပြီဖြစ်ကြောင်း၊ ပင်ရင်းဒသများ၌ မျှင်ငါးပိအကြမ်း တစ်ပိဿာလျှင် ငွေကျပ် ၂၄၀၀၊ ငါးကွမ်းရှပ် ငါးခြောက်တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၀ ပေါက်စျေးရှိ နေကြောင်းသိရသည်။

 

ယခင်နှစ် ပင်လယ်ရေလုပ်ငန်းရာသီတွင် မျှင်ငါးပိအကြမ်း တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ ခန့်နှင့် ငါးကွမ်း ရှပ်ငါးခြောက်

တစ်ပိဿာလျှင် ၁၂၀၀၀ မှ ၁၃၀၀၀ သာ ပေါက်စျေးရရှိပြီး ယခုနှစ် ရေလုပ်ငန်းရာသီတွင် စျေးနှုန်းများ ပိုမိုရရှိနေကြောင်း၊

ငါးရွှေစည်ဖောင်း တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀၀၊ ငါးရောင်ငါးစည်ဖောင်း တစ်ပိဿာလျှင် ငွေကျပ် ၂၇၀၀၀ မှ ၂၉၀၀၀

ငါးပုတ်သင်ငါးစည်ဖောင်း တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀၀ ပေါက်စျေးရှိနေသောကြောင့် ယခင်နှစ် ပင်လယ်ရေလုပ်ငန်း

ရာသီ ပေါက်စျေးနှုန်းများထက် တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ ခန့် စျေးနှုန်းပိုမိုရရှိနေကြောင်း၊ ယခုနှစ်တွင် ပင်လယ်ရေ

လုပ်ငန်းများမှ ထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများမှာ ယခင်ပင်လယ်ရေလုပ်ငန်းရာသီ ပေါက်စျေးနှုန်းများထက် စျေးနှုန်းပိုမိုရရှိကြောင်း ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာမှ ပင်လယ်ရေလုပ်ငန်းရှင်ထံမှ သိရသည်။

 

Source: YDNP

Myanmar Food Industry Guide

 

Read times Last modified on Tuesday, 13 December 2022 11:14
Rate this item
(0 votes)