Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်စျေးကွက်တွင် အဝယ်လိုက်နေသော လပွတ္တာငါးခြောက်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ထွက်ရှိသည့် ငါးခြောက်များ ရန်ကုန်စျေးကွက်တွင် ဝယ်ယူမှု

အားကောင်းလာခြင်းကြောင့် အရောင်းသွက်နေကြောင်း လပွတ္တာမြို့မှ ရွှေပင်လယ် ငါးခြောက်စုံရောင်းဝယ်ရေးလုပ်ငန်းရှင် ကပြောပြ၍ သိရသည်။

 

လပွတ္တာမြို့နယ်မှ ထွက်ရှိသော ငါးခြောက်များ စက်တင်ဘာလ ဒုတိယပတ်မှစ၍ ရန်ကုန် စျေးကွက်တွင် ဝယ်ယူမှုအားကောင်းကြောင်း၊ အဆိုပါ ဒေသမှထွက်ရှိသော ငါးခြောက်စုံကို တစ်ရက်လျှင် ပိဿာချိန် ၃၀,၀၀၀ မှ ၅၀,၀၀၀ ထိ ရောင်းအားရှိနေကြောင်း သိရသည်။

 

“သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွေက အခြားလတွေထက် အလှူအတန်းများတယ်။ အလှူအတန်းတွေမှာ လပွတ္တာဒေသထွက် ငါးခြောက်တွေပဲ အသုံးပြုတာများတယ်။ လပွတ္တာမြို့နယ်က ငါးခြောက်စုံကို ရန်ကုန်စျေးကွက်ဆီ တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။

 

One-One-Three-Five.jpg

 

တစ်နှစ်ပတ်လုံး တင်ပို့ရောင်းချနေပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယပတ်ကနေ ရောင်းအား သိသိသာသာတက်ခဲ့ပြီး ဒီကနေ့ထိ အရောင်းသွက်နေပါတယ်။ ငါးပိ၊ ငါးခြောက်လုပ်ငန်းမှာ ဝယ်ယူမှုအားကောင်းရင် ကောင်းသလို လုပ်သားတွေကော၊ အလုပ်ရှင်တွေကော အဆင်ပြေကြတယ်။

 

တစ်ရက်ကို ငါးခြောက်စုံပိဿာချိန် ၁၅၀၀ ကနေ ၁၀၀၀၀ ထိပဲ ရောင်းအားရှိခဲ့တာပါ။ အခြားဒေသက ငါးပိ၊ ငါးခြောက်တွေ ရန်ကုန်ကို အဝင်နည်းနေသေးတာကြောင့် အခုလိုဝယ်ယူမှုအားကောင်းနေတာဖြစ်ပါတယ်” ဟု လပွတ္တာမြို့မှ ရွှေပင်လယ် ငါးခြောက်စုံရောင်းဝယ်ရေးလုပ်ငန်းရှင် ကပြောပြသည်။

 

လပွတ္တာမြို့နယ်မှ ထွက်ရှိသော ငါးခြောက်များဖြစ်သည့် ငါးကွမ်းရှပ် (ငါးညို)ခြောက်၊ ငါးလိပ်ကျောက်၊ ငါးပုတ်သင်၊ ပင်လယ်ငါးပြေမ၊ ငါးဖောင်ရိုး၊ ငါးနီတူ စသည့် ငါးခြောက်များ အရောင်းသွက်နေကြောင်း အဆိုပါ ငါးခြောက်များ၏ လက်ရှိပေါက်စျေးသည် ငါးကွမ်းရှပ် (ငါးညို)ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၃,၅၀၀ မှ ၃၇,၅၀၀၊ ငါးလိပ်ကျောက်ခြောက်ပိဿာလျှင် ငွေကျပ် ၁၈,၅၀၀၊ ငါးပုတ်သင်ခြောက်ပိဿာလျှင် ငွေကျပ် ၂၇,၀၀၀၊ ပင်လယ်ငါးပြေမခြောက် တစ်ပိဿာလျှင် ငွေကျပ် ၃၇,၅၀၀၊ ငါးဖောင်ရိုးခြောက်တစ်ပိဿာလျှင် ငွေကျပ် ၂၈,၅၀၀၊ ငါးနီတူခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၃,၅၀၀ စျေးရှိနေကြောင်း သိရသည်။

 

myawady

Myanmar food industry guide

Read times Last modified on Friday, 14 October 2022 11:49
Rate this item
(0 votes)