Myanmar



မန္တလေးတွင် တရုတ်ကြက်သွန်ဖြူ တစ်ပိဿာလျှင် ငွေကျပ် ၃၈၀၀ ပေါက်စျေးရှိလာ

မန္တလေးစျေးကွက်အတွင်း တရုတ်ကြက်သွန်ဖြူ တစ်ပိဿာလျှင် ငွေကျပ် ၃,၈၀၀ ပေါက်စျေးရှိလာကြောင်း

 မန္တလေးမြို့မှ အောင်ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင်က ပြောပြ၍သိရသည်။

 

မန္တလေး စျေးကွက်အတွင်း တရုတ်ကြက်သွန်ဖြူများ အရောင်းအဝယ်ကောင်းမွန်လာပြီး ဝယ်ယူမှုများပြားလာကြောင်း၊ ထိုသို့တရုတ်ကြက်သွန်ဖြူ ဝယ်ယူမှုများပြားလာခြင်းကြောင့် စျေးကွက်အတွင်း ကုန်စည်လက်ကျန် နည်းပါးလာပြီး စျေးကောင်း ရရှိလာကြောင်း သိရသည်။

 Rhino

Click Here >>> Rhino

“ဇန်နဝါရီလ ပထမပတ်လောက်ကစပြီး အရည်အသွေးကောင်းမွန်တဲ့ တရုတ်ကြက်သွန်ဖြူတွေ ပြန်ပြီး အဝယ်လိုက်လာတယ်။ အခုလတ်တလော စျေးကွက်ထဲ ကုန်စည်လက်ကျန်ကလဲ တစ်ဖြည်းဖြည်းနည်းပါးလာတာကြောင့် တရုတ်ကြက်သွန်ဖြူတွေ စျေးကောင်းပြန်ရနေပါတယ်” ဟု မန္တလေးမြို့မှ အောင်ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင်က ပြောပြသည်။

 

မန္တလေးစျေးကွက်အတွင်း ဇန်နဝါရီလ ပထမပတ်က တရုတ်ကြက်သွန်ဖြူ တစ်ပိဿာလျှင် ငွေကျပ် ၃,၅၀၀ ခန့်သာ ပေါက်စျေးရှိခဲ့သော်လည်း ဇန်နဝါရီ ၁၄ ရက် ပေါက်စျေးအရ တရုတ်ကြက်သွန်ဖြူ တစ်ပိဿာလျှင် ငွေကျပ် ၃,၈၀၀ ပေါက်စျေးရှိနေကြောင်း သိရသည်။

 

“မန္တလေးစျေးကွက်ထဲမှာ တရုတ်ကြက်သွန်ဖြူ လက်လီလက်ကားရောင်းချနေတဲ့ ပွဲရုံတွေမှာလဲ အဝယ်ပြန်များလာတာကြောင့် ကုန်ပစ္စည်းလက်ကျန်နည်းလာတယ်။ အခုလက်ကျန်တွေကိုပဲ ဆက်ပြီးရောင်းပေးနေတယ်။ အခုကတော့ တရုတ်ကြက်သွန်ဖြူတွေ ရှာနေတာကြောင့် စျေးကောင်းလဲ ပြန်ရနေတယ်” ဟု အောင်ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင်က ပြောပြသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: YDNP

Myanmar Food Industry Guide

Read times Last modified on Friday, 27 January 2023 09:52
Rate this item
(1 Vote)