Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


တောဟင်းချိုချဉ်စပ်

ပိန္နဲသီးပေါ်တုန်းလေး အိမ်တွင်လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့

တောဟင်းချိုချဉ်စပ် ဟင်းချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ပိန္နဲသီး၊ ပုစွန်၊ စပါးလင်၊ မျှင်ငါးပိ၊ ဆား၊ ဆန်လှော်မှုန့်၊ ငရုတ်သီးစိမ်း၊ ရေသန့်၊ ဆူးပုတ်ရွက်၊ ပင်စိမ်းရွက်၊ ရုံးပတီသီး တို့ လိုအပ်ပါမယ်။

 

ပထဆုံး ရေကို ပိန္နဲသီးကို ရေဆူအောင်တည်ပြီး ဆားထည့်ပါလိုက်ပါ။ ပြီးလျှင် စပါးလင်ကို ဓားပြားရိုက်ထည့်ပါ။

 

ပိန္နဲသီးနူးပြီးဆိုရင်တော့ မျှင်ငါးပိနှင့် ဆန်လှော်မှုန့်ကို ထည့်လိုက်ပါ။

 

ဆန်လှော်များကျက်လာပါက ပုစွန်လှော်ထားတာကို ထည့်လိုက်ပါ။ ပြီးလျှင် ရုံးပတီသီးကို အနေတော်လေး လှီးပြီး ထည့်လိုက်ပါ။

 

ပြီးနောက် ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ညက်အောင်ထောင်းပြီး ထည့်လိုက်ပါ။

 

ပြီးရင်တော့ ပင်စိမ်းကို အပေါ်ယံမှအုပ်၍ မီးဖိုပေါ်မှချနိုင်ပါပြီ။

 

တောဟင်းချိုချဉ်စပ် ဟင်းရည်သောက်လေးကို ထမင်းပူပူလေးနဲ့တွဲဖက်၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:17
Rate this item
(1 Vote)