Thiland

×

Warning

JUser: :_load: Unable to load user with ID: 540

Saturday, 04 June 2022 10:13
ထိုင်းမှ စားစရာအင်းဆက်များ တင်ပို့မှု အလားအလာကောင်းမွန်

Sunday, 29 May 2022 16:58
ဆန်ကုန်သွယ်မှု ထိန်းကျောင်းရန် ထိုင်းက ဗီယက်နမ်နှင့် ပူးပေါင်းလုပ်ကိုင်မည်

Saturday, 28 May 2022 13:33
ထိုင်းသကြား ပြည်ပတင်ပို့မှု ထိန်းကျောင်းမည်

Monday, 16 May 2022 11:55
ပြည်တွင်းဆန်ဈေးများ မြင့်တက်လာခြင်းအတွက် ထိုင်းဆန်တင်ပို့သူများ စိုးရိမ်ကြောင့်ကြ

Thursday, 12 May 2022 19:13
တရုတ်ဈေးကွက်ဆီသို့ RCEP လှိုင်းစီးသွားသော အရှေ့တောင်အာရှ သီးနှံများ

Thursday, 21 April 2022 14:00
ယူကရိန်းစစ်ပွဲကြောင့် ထိုင်းဆန် တင်ပို့မှု မြင့်တက်

Friday, 01 April 2022 13:59
ထိုင်းသစ်သီး လာအိုရထားလမ်းမှ တရုတ်သို့ တင်ပို့ လာအို - တရုတ် ရထားလမ်းကို ထိုင်းသစ်သီးများ တရုတ်သို့ တင်ပို့ရန်အတွက် မတ်လ ၂၈ မှာပထမဆုံးအကြိမ် စတင်အသုံးပြုခဲ့ကြောင်း ထိုင်းနိုင်ငံမှ The Nation သတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။ ဒူရင်းသီး တန်ချိန် ၄၀ ထည့်ထားတဲ့ ပေ၄၀ ကွန်တိန်နာ နှစ်လုံး၊ အုန်းသီး တန်ချိန် ၂၀ ထည့်ထားတဲ့ ကွန်တိန်နာတစ်လုံးတို့ကို ထိုင်းနိုင်ငံ Rayong မှ လာအိုနိုင်ငံရှိ Thanaleng ဘူတာရုံသို့ ပေးပို့ခဲ့ပါတယ်။ ထိုမှတစ်ဆင့် ရထားဖြင့် တရုတ်နိုင်ငံသို့ မတ်လ ၂၇ ရက်မှာ ဝင်ရောက်ခဲ့ပြီး ကူမင်းမြို့သို့ ပို့ဆောင်ခဲ့ပါတယ်။လာအို - တရုတ် ရထားလမ်းဟာ အမြန်ဆုံး ရောက်ရှိနိုင်တဲ့ လမ်းကြောင်းဖြစ်ပြီး Rayong မှ ကူမင်းအထိ လေးငါးရက်သာ ကြာပါတယ်။ Covid-19 အရေးကြောင့် ထိုင်းသစ်သီးများ တရုတ်နိုင်ငံသို့ တင်ပို့ရန် ပြဿနာအချို့ ရှိနေဆဲဖြစ်ပြီး အခက်အခဲများကို ကျော်လွှားဖို့ လိုအပ်တဲ့ ဆောင်ရွက်မှုများ လုပ်ဆောင်ပေးရကြောင်း လာအို - တရုတ် ရထားလမ်းမှ မန်နေဂျာ တစ်ဦးဖြစ်သူ Somkiat Mansiripibul က The Nation ကို ပြောကြားပါတယ်။ ယခုနှစ် ဇန်နဝါရီလမှာ ထိုင်းဆန် တန်ချိန် ၁,၀၀၀ ကို ထိုင်းမှ တရုတ်သို့ လာအို - တရုတ်ရထားလမ်းမှ တင်ပို့ခဲ့ပါတယ်။ ထိုင်းဆန် တရုတ်-လာအို ရထားလမ်းသစ်မှတစ်ဆင့် ပထမဆုံးအသုတ် စတင် တင်ပို့ Lao News Agency မှ ဖော်ပြတဲ့ သတင်းအရ မတ်လ ၃ ရက်အထိ လာအို - တရုတ်ရထားလမ်းကို အသုံးပြုပြီး ကုန်တန်ချိန် ၁.၁ သန်း ပို့ဆောင်ခဲ့ပါတယ်။ ထရပ်ကားများဖြင့် သယ်ယူစရိတ်ထက် ရထားက ၃၀~၄၀% သက်သာတဲ့အပြင် နယ်ခြားဂိတ် ကှိဗစ်တင်းကျပ်မှုကို ဖြတ်သန်းဖို့ ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။

Thursday, 24 March 2022 15:38
ထိုင်းသကြား အထွက်များမည်

Wednesday, 16 March 2022 10:34
၁၈နှစ်တိုင်တိုင် ပိတ်ပင်တားမြစ်ထားတဲ့ ထိုင်းကြက်သား ဆော်ဒီအာရေဗျသို့ တင်ပို့ခွင့် ပြန်လည်ရရှိ