Thiland
ထိုင်းဆန် တစ်တန် ဘတ် ၁၂,၀၀၀ သို့ မြင့်တက်
ထိုင်းဆန် တစ်တန် ဘတ် ၁၂,၀၀၀ သို့ မြင့်တက်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
အိန္ဒိယဆန် ပြည်ပတင်ပို့မှု ပိတ်ပင်ပြီးနောက်မြန်မာဆန်တင်ပို့မှုကို ယာယီ ပိတ်ပင်ထားချိန်တွင် ထိုင်းဆန်ဈေး တစ်တန်လျှင် ဘတ် ၁၂,၀၀၀ သို့ မြင့်တက်ပြီး ကမ္ဘာ့ဆန်ဈေးနှုန်းများ ဆက်လက်မြင့်တက်သည်။
ဆန်ကွဲ တင်ပို့မှု ပိတ်ပင်ထားသော အိန္ဒိယသည် ဇူလိုင် ၂၀ ရက်က ဆန်အများစု တင်ပို့မှုကုိ ပိတ်ပင်ခဲ့သည်။ အခြားဆန်တင်ပို့သည့်နိုင်ငံများတွင်လည်း အလားတူလုပ်ဆောင်နိုင်သည်ဟု စိုးရိမ်မှုများ မြင့်တက်လာခဲ့ပြီး ကမ္ဘာ့ဆန်ဈေးကွက် မတည်မငြိမ် ဖြစ်နေခဲ့သည်။
ယခုအခါ အိန္ဒိယက ဘာစမာတီဆန်ကိုသာ တင်ပို့ခွင့် ပေးထားပြီး ဘာစမာတီဆန်ပို့ကုန်ဈေးနှုန်းသည် အနည်းဆုံး တစ်တန် ကန်ဒေါ်လာ ၁,၂၀၀ ရှ်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ပိတ်ပင်ထားသည့် ဆန်အမျိုးအစား ဝယ်ယူလိုသော နိုင်ငံသည် အိန္ဒိယအစိုးရနှင့် တိုက်ရိုက်ဆွေးနွေးရမည် ဖြစ်သည်။
အိန္ဒိယသည် ကမ္ဘာ့ဆန်ကုန်သွယ်မှု၏ ၄၀ ရာခိုင်နှုန်းခန့်ကို တင်ပို့ပြီး ဆန်အများဆုံး တင်ပို့သည့်နိုင်ငံ ဖြစ်သည်။ သို့ဖြစ်ရာ ကမ္ဘာ့ဆန်ဈေးအပေါ် သက်ရောက်မှု ကြီးမားသည်။ ထို့ပြင် အခြား ဆန်အများအပြား တင်ပို့နေသည့် ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် အမေရိကန်တို့တွင်လည်း ဂယက်ထစေသည်။
ထိုင်းဆန်တင်ပို့သူများအသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က လက်ရှိဆန်ဈေးနှုန်းအခြေအနေသည် အရောင်းသမားများ တိကျသော ဈေးနှုန်း သတ်မှတ်ပေးဖို့ ခက်ခဲနေစေသည်ဟု ပြောကြားသည်။ မြန်မာဆန် တင်ပို့မှု ယာယီရပ်ထားလိုက်ခြင်းက ဆန်ဈေးနှုန်း အတိအကျ ပြောဖို့ ပိုခက်သွားစေသည်ဟု ၎င်းက ပြောကြားသည်။
ထိုင်းဆန်ကုန်သည်များသည် မည်သည့်နိုင်ငံသို့ အိန္ဒိယဆန် ရောင်းချမည်ကို အနီးကပ် စောင့်ကြည့်နေကြသည်။ ထိုသို့ ရောင်းချပေးသည့် ဆန်ပမာဏသည် ကမ္ဘာ့ဆန်ဈေးအပေါ် သက်ရောက်မှုရှိနိုင်သည်။
ဆန်တင်ပို့မှု တတိယအများဆုံးနိုင်ငံဖြစ်သည့် ဗီယက်နမ်က ဆန်တင်ပို့မှုကို ရပ်တန့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း အခြားသော အဓိက ဆန်တင်ပို့သည့် နိုင်ငံများ၏ ဆန်တင်ပို့အတွက် ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ မသေချာမရေရာမှုများ ရှိနေဆဲဖြစ်ကြောင်း Chookiat က ပြောကြားခဲ့သည်။
ယခုနှစ်တွင် ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၈ သန်း တင်ပို့ရန် ရည်မှန်းချက် ဆက်လက်ထားရှိသည်။
သို့သော် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့က အိန္ဒိယ ဆန် ဝယ်ယူမှု အောင်မြင်ပါက လျာထားချက်ထက် လျော့နိုင်သည်ဟု Chookiat က ဆိုသည်။
Source thenationthailand
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL