Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယအဝယ်နည်း၍ မတ်ပဲနှင့် ပဲစင်းငုံဈေးပြန်ကျ

Unicode


အိန္ဒိယအဝယ်နည်း၍ မတ်ပဲနှင့် ပဲစင်းငုံဈေးပြန်ကျ


အိန္ဒိယကုန်သည်များ အဝယ်နည်းခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ယခုတစ်ပတ် အတွင်း မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း တစ်တန်လျှင် ကျပ်လေးသောင်း ခွဲခန့် ဈေးကျဆင်းကြောင်း မြန်မာ နိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အ သင်း အတွင်းရေးမှူး ဦးမင်းကိုဦး က ပြောသည်။

 

ပြည်တွင်းကုန်သည်များက ရောင်းလိုအားများပြီး အိန္ဒိယမှ အဝယ်နည်းခြင်းကြောင့် မတ်ပဲ တစ်တန်လျှင် ကျပ်ရှစ်သိန်းမှ ခုနှစ်သိန်းငါးသောင်းငါးထောင်၊ ပဲစင်းငုံအဟောင်းက ကျပ်ကိုးသိန်းနှစ် သောင်းမှ ရှစ်သိန်းရှစ်သောင်း အောက် ဈေးကျဆင်းသည်ဟု ၎င်း က ဆိုသည်။

 

‘‘ဒီပဲနှစ်မျိုးက အိန္ဒိယကုန် သည်တွေ ဈေးဖွင့်တဲ့အပေါ် မူတည်နေတယ်’’ဟု ဦးမင်းကိုဦး က ပြောသည်။

 

ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း ဒေသအချို့တွင် ဆောင်းရာသီ၌ စိုက်ပျိုးသော မတ်ပဲ၏ အဓိက ဈေးကွက်သည် အိန္ဒိယနိုင်ငံဖြစ် နေပြီး ပါကစ္စတန်နှင့် ဘင်္ဂလား ဒေရှ့်သို့လည်း တင်ပို့သည်။ သို့သော် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် မိုးသီးနှံအဖြစ် စိုက်ပျိုးသော ပဲစင်းငုံ၏ အဓိကဈေးကွက်က အိန္ဒိယနိုင်ငံဖြစ် သည်။

 

လယ်ယာကဏ္ဍတွင် စပါးပြီး လျှင် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုက အရေးပါပြီး ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာတစ်ဘီလီယံခန့်ရရှိထားသည်။

 

Chop Sticks (Manu) တုတ္ထိုးေခ်ာင္းရရွိႏုိင္သည့္ဆိုင္ေပါင္း ၉ ခုရွာရန္ႏွိပ္ပါ။

 

 

ထိုကြောင့် အိန္ဒိယသို့ အစိုးရချင်း သဘောတူညီမှုဖြင့် ပဲရောင်းချရန် အစီအစဉ်ကို အမြန်ဆုံးအ ကောင်အထည်ဖော်နိုင်ရေး ဆွေး နွေးနေကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင် မောင်လွင်က ပြောသည်။

 

လက်ရှိတွင် နှစ်နိုင်ငံအစိုးရ ချင်း စာချုပ်ချုပ်ဆိုရန် မြန်မာနိုင်ငံ ဘက်မှ စာချုပ်မူကြမ်း ပေးပို့ထား သည်မှာ ခုနစ်လကျော် ရှိပြီဖြစ် ကြောင်း ဦးမင်းကိုဦးက ပြော သည်။

 

‘‘မြန်မာပဲက အိန္ဒိယအစိုးရ ရဲ့ မူဝါဒပေါ် မူတည်တယ်။ နယ်ကုန်သည်တွေလည်း ပဲသိပ်မလှောင်ရဲဘူး၊ အိန္ဒိယကိုမယုံလို့’’ ဟု တောင်တွင်းကြီးမှ ကုန်သည် ဦးပြူးက ပြောသည်။

 

အိန္ဒိယအစိုးရက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် မတ်ပဲနှင့် ပဲတီစိမ်းကို တန်ချိန် တစ်သိန်းခွဲ စီနှင့် ပဲစင်းငုံကို တန်ချိန်လေးသိန်း ပြည်ပမှ တင်သွင်းမည်ဟု တရားဝင် ကြေညာထားသည်။ ပဲစင်းငုံ လိုအပ်ချက်များခြင်းကြောင့် မူလတန်ချိန်နှစ်သိန်းသွင်းရန် ကြေညာပြီးမှ နောက်ထပ်တန်ချိန် နှစ်သိန်း ထပ်မံတိုးမြှင့်ခြင်းဖြစ်သည်။

 

အိန္ဒိယနိုင်ငံက ပဲမျိုးစုံကို အဓိကထားဝယ်ယူပြီး လယ်ယာထွက်ကုန်အချို့ကိုလည်း မြန်မာ နိုင်ငံမှ တင်သွင်းသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာ ရင်းများအရ မြန်မာ၊ အိန္ဒိယနှစ် နိုင်ငံ ကုန်သွယ်ရေးသည် ယခုဘဏ္ဍာနှစ် ၁၀ လအတွင်း ကန်ဒေါ်လာ တစ်ဘီလီယံကျော် ရှိ သည်။

 

အိန္ဒိယနှင့် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုတွင် မြန်မာနိုင်ငံ က ပို့ကုန်တန်ဖိုးကန်ဒေါ်လာသန်း ၄၅၀ ကျော်ရှိပြီး သွင်းကုန်တန်ဖိုး သန်း ၆၄၀ ကျော်ရှိကာ အိန္ဒိယ နိုင်ငံက အသာရနေသည်။

 

Read More >>>>>   င႐ုတ္သီးအစိမ္းကို အမွည့္ခံတင္ပို႕နိုင္ရန္ ကြင္းဆင္း ေဆာင္ရြက္ေန

 

 

Source: 7 day news

 

 

 

 

အိႏၵိယအ၀ယ္နည္း၍ မတ္ပဲႏွင့္ ပဲစင္းငံုေစ်းျပန္က်

 

အိႏၵိယကုန္သည္မ်ား အ၀ယ္နည္းျခင္းေၾကာင့္ ျပည္တြင္းေစ်းကြက္တြင္ ယခုတစ္ပတ္ အတြင္း မတ္ပဲႏွင့္ ပဲစင္းငံုေစ်းႏႈန္း တစ္တန္လွ်င္ က်ပ္ေလးေသာင္း ခြဲခန္႔ ေစ်းက်ဆင္းေၾကာင္း ျမန္မာ ႏိုင္ငံ ပဲမ်ိဳးစံုႏွင့္ ႏွမ္းကုန္သည္အ သင္း အတြင္းေရးမွဴး ဦးမင္းကိုဦး က ေျပာသည္။

 

ျပည္တြင္းကုန္သည္မ်ားက ေရာင္းလိုအားမ်ားၿပီး အိႏၵိယမွ အ၀ယ္နည္းျခင္းေၾကာင့္ မတ္ပဲ တစ္တန္လွ်င္ က်ပ္ရွစ္သိန္းမွ ခုႏွစ္သိန္းငါးေသာင္းငါးေထာင္၊ ပဲစင္းငံုအေဟာင္းက က်ပ္ကိုးသိန္းႏွစ္ ေသာင္းမွ ရွစ္သိန္းရွစ္ေသာင္း ေအာက္ ေစ်းက်ဆင္းသည္ဟု ၎ က ဆိုသည္။

 

‘‘ဒီပဲႏွစ္မ်ိဳးက အိႏၵိယကုန္ သည္ေတြ ေစ်းဖြင့္တဲ့အေပၚ မူတည္ေနတယ္’’ဟု ဦးမင္းကိုဦး က ေျပာသည္။

 

ဧရာ၀တီတိုင္းႏွင့္ ပဲခူးတိုင္း ေဒသအခ်ိဳ႕တြင္ ေဆာင္းရာသီ၌ စိုက္ပ်ိဳးေသာ မတ္ပဲ၏ အဓိက ေစ်းကြက္သည္ အိႏၵိယႏိုင္ငံျဖစ္ ေနၿပီး ပါကစၥတန္ႏွင့္ ဘဂၤလား ေဒရွ္႕သို႔လည္း တင္ပို႔သည္။ သို႔ေသာ္ ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသမ်ားတြင္ မိုးသီးႏွံအျဖစ္ စိုက္ပ်ိဳးေသာ ပဲစင္းငံု၏ အဓိကေစ်းကြက္က အိႏၵိယႏိုင္ငံျဖစ္ သည္။

 

လယ္ယာက႑တြင္ စပါးၿပီး လွ်င္ ပဲမ်ိဳးစံုစိုက္ပ်ိဳးထုတ္လုပ္မႈက အေရးပါၿပီး ယခုဘ႑ာႏွစ္တြင္ ျပည္ပသို႔ ပဲမ်ိဳးစံုတင္ပို႔မႈမွ ေဒၚလာတစ္ဘီလီယံခန္႔ရရိွထားသည္။

 

Chop Sticks (Manu) တုတ္ထိုးေခ်ာင္းရရွိႏုိင္သည့္ဆိုင္ေပါင္း ၉ ခုရွာရန္ႏွိပ္ပါ။

 

ထိုေၾကာင့္ အိႏၵိယသုိ႔ အစိုးရခ်င္း သေဘာတူညီမႈျဖင့္ ပဲေရာင္းခ်ရန္ အစီအစဥ္ကုိ အျမန္ဆုံးအ ေကာင္အထည္ေဖာ္ႏုိင္ေရး ေဆြး ေႏြးေနေၾကာင္း စီးပြားေရးႏွင့္ ကူး သန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန လက္ေထာက္အတြင္း၀န္ ဦးခင္ ေမာင္လြင္က ေျပာသည္။

 

လက္ရိွတြင္ ႏွစ္ႏိုင္ငံအစိုးရ ခ်င္း စာခ်ဳပ္ခ်ဳပ္ဆိုရန္ ျမန္မာႏိုင္ငံ ဘက္မွ စာခ်ဳပ္မူၾကမ္း ေပးပို႔ထား သည္မွာ ခုနစ္လေက်ာ္ ရိွၿပီျဖစ္ ေၾကာင္း ဦးမင္းကိုဦးက ေျပာ သည္။

 

‘‘ျမန္မာပဲက အိႏၵိယအစိုးရ ရဲ႕ မူ၀ါဒေပၚ မူတည္တယ္။ နယ္ကုန္သည္ေတြလည္း ပဲသိပ္မေလွာင္ရဲဘူး၊ အိႏၵိယကိုမယံုလို႔’’ ဟု ေတာင္တြင္းႀကီးမွ ကုန္သည္ ဦးျပဴးက ေျပာသည္။

 

အိႏၵိယအစိုးရက ၂၀၁၈-၁၉ ဘ႑ာႏွစ္အတြက္ မတ္ပဲႏွင့္ ပဲတီစိမ္းကို တန္ခ်ိန္ တစ္သိန္းခြဲ စီႏွင့္ ပဲစင္းငံုကို တန္ခ်ိန္ေလးသိန္း ျပည္ပမွ တင္သြင္းမည္ဟု တရား၀င္ ေၾကညာထားသည္။ ပဲစင္းငံု လိုအပ္ခ်က္မ်ားျခင္းေၾကာင့္ မူလတန္ခ်ိန္ႏွစ္သိန္းသြင္းရန္ ေၾကညာၿပီးမွ ေနာက္ထပ္တန္ခ်ိန္ ႏွစ္သိန္း ထပ္မံတိုးျမႇင့္ျခင္းျဖစ္သည္။

 

အိႏၵိယႏိုင္ငံက ပဲမ်ိဳးစံုကို အဓိကထား၀ယ္ယူၿပီး လယ္ယာထြက္ကုန္အခ်ိဳ႕ကိုလည္း ျမန္မာ ႏိုင္ငံမွ တင္သြင္းသည္။

 

စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန စာ ရင္းမ်ားအရ ျမန္မာ၊ အိႏၵိယႏွစ္ ႏုိင္ငံ ကုန္သြယ္ေရးသည္ ယခုဘ႑ာႏွစ္ ၁၀ လအတြင္း ကန္ေဒၚလာ တစ္ဘီလီယံေက်ာ္ ရွိ သည္။

 

အိႏၵိယႏွင့္ ႏွစ္ႏုိင္ငံအျပန္အလွန္ကုန္သြယ္မႈတြင္ ျမန္မာႏုိင္ငံ က ပုိ႔ကုန္တန္ဖုိးကန္ေဒၚလာသန္း ၄၅၀ ေက်ာ္ရွိၿပီး သြင္းကုန္တန္ဖုိး သန္း ၆၄၀ ေက်ာ္ရွိကာ အိႏၵိယ ႏုိင္ငံက အသာရေနသည္။

 

Read More >>>>>   င႐ုတ္သီးအစိမ္းကို အမွည့္ခံတင္ပို႕နိုင္ရန္ ကြင္းဆင္း ေဆာင္ရြက္ေန

 

Source: 7 day news

Read times Last modified on Monday, 24 February 2020 17:55
Rate this item
(1 Vote)