Food & Health
ဝယ်လာပြီးရင် ရေခဲသေတ္တာထဲမှာ ထည့်ထားသင့်တဲ့ အသီးအနှံများ
ယခုအောက်တွင် ဖော်ပြပေးမယ့် အစားအစာတွေကတော့ ရေခဲသေတ္တာထဲမှာ ထားသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
ပြောင်းဖူး
အာဟာရ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ပြောင်းဖူးကို အခန်းအပူချိန်ထဲမှာ ထားတဲ့အခါ ပြောင်းဖူးမှာပါဝင်တဲ့ သကြားဓာတ် ၅၀ရာခိုင်နှုန်းခန့်ဟာ ဆုံးရှုံးကုန်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြောင်းဖူးတွေကို သိမ်းဆည်းဖို့ အကောင်းဆုံးနဲ့ အာဟာရဓာတ် အပြည့်အဝ ရရှိစေမယ့် နည်းလမ်းက ရေခဲသေတ္တာထဲမှာ သိမ်းဆည်းဖို့ပဲ ဖြစ်ပါတယ်။
Read More >>>>> ရိုးတွင်းခြင်ဆီကို စားသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
အစေ့အဆန်
အစေ့အဆန်တွေဟာဆိုရင်လည်း လေလုံတဲ့ဘူးတခုထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားမယ်ဆိုရင် ၆လလောက်အထိ ကြာရှည်ခံတဲ့ အစားအစာဖြစ်ပေမယ့် အခန်းအပူချိန်ထဲမှာဆိုရင်တော့ ကြာကြာထားပြီး မစားသုံးသင့်တဲ့ အစားအစာပဲဖြစ်ပါတယ်။
အုန်းဆီ
အုန်းဆီကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်းဖို့ဆိုတာဟာ အနည်းငယ် ထူးဆန်းကောင်း ထူးဆန်းနိုင်ပေမယ့် အုန်းဆီတွေရေရှည်မှာ ဆီကြေးစော်မနံဖို့နဲ့ အာဟာရဓာတ်တွေ မဆုံးရှုံးစေဖို့အတွက်ကတော့ အခန်းအပူချိန်မှာ ထားခြင်းထက် ရေခဲသေတ္တာထဲမှာ သိမ်းဆည်းခြင်းက အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။
အစားအသောက်ကုန်ကြမ်းနဲ့ပတ်သက်ပြီး ဆိုင်နေရာများရှာချင်ရင် ဤနေရာကိုနှိပ်ပါ။
ငှက်ပျောသီး
မမှည့်သေးတဲ့ ငှက်ပျောသီးကို မီးဖိုချောင်ထဲမှာ ထားခြင်းက ကိစ္စ မရှိပေမယ့် စားလို့ရလောက်တဲ့ အနေအထားအထိ မှည့်နေပြီဆိုရင် အခန်းအပူချိန်က ငှက်ပျောသီးတွေကို မည်းသွားစေနိုင်တာကြောင့် ရေခဲသေတ္တာထဲမှာ ထားပေးသင့်ပါတယ်။
Ref: irriwaddy