Food & Health



အစားအသောက် သွင်းကုန်ထောက်ခံချက် Import recommendation - IR လျှောက်ထားရယူရန် သိကောင်းစရာ အချက်အလက်များ

အစားအသောက် သွင်းကုန်ထောက်ခံချက် Import recommendation - IR လျှောက်ထားရယူရန် သိကောင်းစရာ အချက်အလက်များ


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အစားအသောက် သွင်းကုန်ထောက်ခံချက် (Import recommendation - IR) လျှောက်ထားရယူရန် အသိပေးကြေငြာချက်

 

ပြည်ပမှ အစားအသောက်တင်သွင်းမည့် ကုမ္ပဏီများအနေဖြင့် အစားအသောက်များကိုမတင်သွင်းမီ သွင်းကုန်ထောက်ခံချက် (Import recommendation IR) ကို ဦးစွာလျှောက်ထားရမည် ဖြစ်သည်။ 

ထိုသို့ သွင်းကုန်ထောက်ခံချက်လျှောက်ထားခြင်းကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၏ website ဖြစ်သော http://fda.gov.mm  တွင် online မှတဆင့် လျှောက်ထားရယူနိုင်ပါသည်။ 

လျှောက်ထားပုံအဆင့်ဆင့်နှင့် မှတ်ပုံတင်ခြင်းတို့ကို http://esubmission.fda.gov.mm  တွင် ကြည့်ရှု၍ လုပ် ဆောင်နိုင်ပါသည်။

 

အစားအသောက် တင်သွင်းမည့် ကုမ္ပဏီများအနေဖြင့် သွင်းကုန်ထောက်ခံချက် လျှောက်ထားရန် အတွက် အောက်ပါ အထောက်အထားများကို ပူးတွဲတင်ပြ လျှောက်ထားရမည် ဖြစ်ပါသည်။

 

၁။တင်သွင်းစားသောက်ကုန်၏ အသေးစိတ်သတ်မှတ်ချက်များ (product specification)

 

၂။ တင်သွင်းစားသောက်ကုန်၏ ပါဝင်ပစ္စည်းစာရင်း (Ingredient list)

 

၃။ တင်သွင်းနိုင်ငံ၏ သက်ဆိုင်ရာ အဖွဲ့အစည်းမှ စိစစ်ထုတ်ပေးထားသော အစားအသောက်ဘေးကင်း ရေးဆိုင်ရာ လက်မှတ်များ (Certificate of GMP/HACCP/ISO22000 etc.)

 

၄။ တင်သွင်းစားသောက်ကုန်၏ အမှတ်တံဆိပ် နမူနာ (အင်္ဂလိပ် နှင့် မြန်မာဘာသာ မဟုတ်ပါက အမှတ် တံဆိပ်ဘာသာပြန်ဆိုချက်ပါ ပူးတွဲတင်ပြရမည်) (Original label, label translation)

 

၅။ ထုပ်ပိုးမှု ပမာဏများနှင့် ထုပ်ပိုးပစ္စည်း အမျိုးအစားများ စာရင်း (List of type and size of packaging)တို့ကို onlineမှ တင်ပြရန်လိုအပ်မည်ဖြစ်ပြီး စိစစ်ခ ၅၀,၀၀ဝိ/-(ငါးသောင်းကျပ်တိတိ) ကို online payment ဖြင့် အလွယ်တကူ ပေးချေနိုင်မည် ဖြစ်ပါသည်။

 

သွင်းကုန်ထောက်ခံချက်တစ်စောင်၏ သက်တမ်းမှာ (၃) နှစ်ဖြစ်ပါသည်။ သက်တမ်းတိုးခြင်း ဆောင်ရွက်နိုင်ပြီး သက်တမ်းမကုန်မီ (၃) လ ကြိုတင်၍ သက်တမ်းတိုး လျှောက်ထားနိုင်ပါသည်။

 

မှတ်ပုံတင်ရန်

https://esubmission.fda.gov.mm/register

 

လမ်းညွှန်ချက်ဖတ်ရှူရန်

https://esubmission.fda.gov.mm/eSubmissionGuide

 

 

ဆက်သွယ်ရန်ဖုန်း

0673-403967, 09882853983

အစားအသောက် သွင်းကုန် ကျန်းမာရေးထောက်ခံချက် Import Health Certificate- IHC လျှောက်ထားရယူရန် အသိပေးကြေငြာချက် ဖတ်ရှုရန် 

https://www.foodindustrydirectory.com.mm/food-industry/food-health/item/7143-ihc.html

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Thursday, 26 October 2023 20:53
Rate this item
(0 votes)