Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540

Thursday, 03 November 2022 10:02
ယခုသီတင်းပတ်အတွင်း ပြည်တွင်းရှိ မန္တလေးကုန်စည်ဒိုင်သို့ သပိတ်ကျင်း၊ ကြာညှက်၊ တကောင်းဘက်များက နှမ်းအသစ်များ ဆက်တိုက်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။   နှမ်းဖြူ (ရိုးရိုး) ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခင်ပတ်က ကျပ် ၂၇၀၀၀ ရှိသော်လည်း ယခုတစ်ပတ်အတွင်း ကျပ် ၂၇၅၀၀၀ မှ ၂၈၅၀၀၀ အထိရှိလာကာ ပြီးခဲ့သည့်လက နှမ်းဖြူရိုးရိုး ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၀၀၀၀၀ မှ ၃၀၅၀၀၀ အထိဈေးမြင့်ရခဲ့ကြောင်း သိရသည်။   နှမ်းနက်(စမုံ) ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခင်တစ်ပတ်က ကျပ် ၂၄၅၀၀၀ မှ ၃၀၀၀၀၀ ထိရှိနေပြီး ယခုတစ်ပတ်တွင်မူ ကျပ် ၂၄၀၀၀၀ မှ ၃၀၀၀၀၀ အထိရှိလာကာ ပြီးခဲ့သည့်လက ကျပ် ၂၇၀၀၀၀ မှ ၃၅၀၀၀၀ ထိ ဈေးရရှိထားသည်။   မန္တလေးကုန်စည်ဒိုင်သည် နှစ်စဉ်ကထိန်ရာသီတွင် အရောင်းအဝယ် အေးလေ့ရှိသည့်အပြင် လတ်တလောတွင် ပြည်ပတင်ပို့မှု အေးနေခြင်းကြောင့် အရောင်းအဝယ်ပုံမှန်သာရှိနေကြောင်း သိရသည်။   Source: MDN

Thursday, 03 November 2022 09:53
တနင်္သာရီတိုင်းဒေသကြီး ရေထွက်ကုန်များကို ကုန်ချောအဖြစ်ထုတ်လုပ်ပြီး ဒေသတွင်း ရေထွက်ကုန်ဈေးကွက်ကို

Wednesday, 02 November 2022 11:27
မီဇိုရမ်သို့ မြန်မာနိုင်ငံမှ ကျွဲ၊ နွားတင်သွင်းမှုများအပေါ်  တားမြစ်မိန့် ထုတ်ပြန်ထား

Wednesday, 02 November 2022 09:59
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှု မြင့်မားလာပြီး မြန်မာနိုင်ငံမှ ကုန်ပစ္စည်းအမယ်သစ်များ နှစ်စဉ် တိုးတက်တင်ပို့လျက်ရှိရာ မြန်မာ့အုန်းသီးခြောက် တင်ပို့မှုများလည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။   မြန်မာ့ထွက်ကုန်ပစ္စည်းများအနက် အုန်းသီးခြောက်ကို စစ်တွေ ရွှေမင်းဂံဆိပ်ကမ်းမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကစ၍ တင်ပို့နိုင်ခဲ့ပြီး ၎င်းဘဏ္ဍာနှစ်တွင် တန်ချိန်စုစုပေါင်း ၁၆ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။   ထို့နောက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၂၀၂၁ အောက်တိုဘာမှ ၂၀၂၂ မတ်အထိ ခြောက်လအတွင်း တန်ချိန် ၇၈၉ တန်အထိ တိုးမြှင့်တင်ပို့ နိုင်ခဲ့ကြောင်းသိရသည်။   လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း တန်ချိန်စုစုပေါင်း ၈၈၈ တန် အထိ ထပ်မံတိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး၊ အုန်းသီးခြောက်တစ်လုံးလျှင် ကျပ်တစ်ထောင် ဝန်းကျင်ဖြင့် ဝယ်လိုအား ဆက်တိုက်မြင့်တက်နေကြောင်းသိရသည်။   Source: MDN Myanmar Food Industry Guide

Tuesday, 01 November 2022 11:06
ယခုနှစ်ကော်ဖီရာသီတွင် မြန်မာ့ထွက်ကုန် ကော်ဖီများကို ပြည်ပနိုင်ငံများသို့ တန်ချိန် ၁၀၀၀၀ တင်ပို့ရောင်းချ

Tuesday, 01 November 2022 00:10
 မလေးရှားတွင် ကြက်ဥ ပြတ်လပ်မှု ပြဿနာ ဆက်လက် ကြီးမားနေဆဲ

Monday, 31 October 2022 23:43
ယူကရိန်းကောက်နှံ သယ်ယူသည့် သင်္ဘောများ ပင်လယ်နက်ထဲတွင် စံချိန်တင် များပြား

Saturday, 29 October 2022 23:28
ယူကရိန်း ကောက်နှံတင်ပို့မှု ရုရှား ဆိုင်းငံ့ထား

Friday, 28 October 2022 17:34
ထိုင်းဆန်၊ ဗီယက်နမ်ဆန်၊ အိန္ဒိယဆန် တစ်ပတ်တာ ဈေးနှုန်း အတက်အကျများ