Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ အုန်းသီးခြောက် ဘင်္ဂလားဒေ့ရှ် ဝယ်ယူတင်သွင်းမှုမြင့်မား

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှု မြင့်မားလာပြီး မြန်မာနိုင်ငံမှ ကုန်ပစ္စည်းအမယ်သစ်များ နှစ်စဉ် တိုးတက်တင်ပို့လျက်ရှိရာ မြန်မာ့အုန်းသီးခြောက် တင်ပို့မှုများလည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။

 

မြန်မာ့ထွက်ကုန်ပစ္စည်းများအနက် အုန်းသီးခြောက်ကို စစ်တွေ ရွှေမင်းဂံဆိပ်ကမ်းမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကစ၍ တင်ပို့နိုင်ခဲ့ပြီး ၎င်းဘဏ္ဍာနှစ်တွင် တန်ချိန်စုစုပေါင်း ၁၆ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၂၀၂၁ အောက်တိုဘာမှ ၂၀၂၂ မတ်အထိ ခြောက်လအတွင်း တန်ချိန် ၇၈၉ တန်အထိ တိုးမြှင့်တင်ပို့ နိုင်ခဲ့ကြောင်းသိရသည်။

 

လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း တန်ချိန်စုစုပေါင်း ၈၈၈ တန် အထိ ထပ်မံတိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး၊ အုန်းသီးခြောက်တစ်လုံးလျှင် ကျပ်တစ်ထောင် ဝန်းကျင်ဖြင့် ဝယ်လိုအား ဆက်တိုက်မြင့်တက်နေကြောင်းသိရသည်။

 

Source: MDN

Myanmar Food Industry Guide

Read times
Rate this item
(0 votes)