Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရေထွက်ကုန်များကို ကုန်ချောထုတ်လုပ်ပြီး ပြည်ပတင်ပို့မည်

တနင်္သာရီတိုင်းဒေသကြီး ရေထွက်ကုန်များကို ကုန်ချောအဖြစ်ထုတ်လုပ်ပြီး ဒေသတွင်း ရေထွက်ကုန်ဈေးကွက်ကို

ဦးဆောင်နိုင်ရန်စီစဉ်ကာ ပြည်ပရေထွက်ပို့ကုန် ငါးလေလံဈေးကွက်ကြီးတစ်ခု ဖော်ဆောင်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ကသိရသည်။

 

"တနင်္သာရီတိုင်းက ထွက်ရှိတဲ့ရေထွက်ကုန်တွေကို ထိုင်းနိုင်ငံကို အများဆုံးတင်ပို့နေတာပါ။ ကုန်ကြမ်းသာ တင်ပို့နိုင်တဲ့အတွက် ဈေးကွက်က သူတို့ဦးဆောင်နေတယ်။ ကုန်ချောအဖြစ်ပြောင်းလဲထုတ်လုပ်နိုင်ရင် ဈေးကွက်ကို ကျွန်တော်တို့ဘက်က ဦးဆောင်နိုင်မှာဖြစ်ပြီး ရေထွက်ကုန်များကို ကုန်ကြမ်းကနေကုန်ချောအဖြစ်ထုတ်နိုင်မယ်" လို့ တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူကပြောသည်။

 

ဈေးကွက်လိုအပ်ချက်နှင့်အညီ ပင်လယ်ပြင်ငါး၊ ပုစွန်ဖမ်းဆီးခြင်း၊ မွေးမြူခြင်းကို တိုးမြှင့်ဆောင်ရွက်နိုင်သည့် တိုင်းဒေသကြီးဖြစ်ခြင်းကြောင့် အိမ်နီးချင်းနိုင်ငံနှင့် ရေထွက်ကုန်ချောအဖြစ် ထုတ်လုပ်မှု ရင်ပေါင်တန်းနိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းသိရသည်။

 

တနင်္သာရီတိုင်းဒေသကြီးတွင် ကမ်းဝေးငါးဖမ်းရေယာဉ် အစင်းရေ ၁၀၀၀ ကျော်၊ ကမ်းနီးငါးဖမ်းရေယာဉ်အစင်းရေ ၁၀၀၀၀ ခန့်နှင့် ငါး၊ ပုစွန်ဖမ်းဆီးမှုကို ဆောင်ရွက်နေပြီး ရေထွက်ကုန်တန်ချိန်သုံးသိန်းခွဲမှ လေးသိန်းအထိနှစ်စဉ် ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာသန်း ၃၀၀ ကျော်ရရှိလျက်ရှိကြောင်း၊ ငါးလုပ်ငန်းဖွံ့ဖြိုးရန်အတွက် တိုင်းဒေသကြီးမှ ထွက်ရှိသည့် ရေထွက်ကုန်များကို ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ပြီး အိမ်နီးချင်းငါးဈေးကွက်ကို ဦးဆောင်နိုင်ရန် ငါးလေလံဈေးကွက်ဆောင်ရွက်နေကြောင်း သိရသည်။

 

Source: MDN

Read 791 times Last modified on Thursday, 03 November 2022 10:04
Rate this item
(0 votes)