Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးရှဥ့်မွေးဖြူခြင်းဖြင့် တောင်သူလယ်သမားများ ၀င်ငွေတိုးတက်နိုင်

မြန်မာနိုင်ငံအတွင်း လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့် တောင်သူများအနေဖြင့် မိမိပိုင်ခြံမြေပေါ်တွင်

မိသားစုအလိုက် တစ်ပိုင်တစ်နိုင် ငါးရှဥ့်သားဖောက်လုပ်ငန်းလုပ်ကိုင်ပါက အရင်းအနှီး အနည်းအကျဉ်းဖြင့် နိုင်ငံခြားဝင်ငွေရ၍ ကြီးပွားတိုးတက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ရေထွက်ပစ္စည်းသယံဇာတ သုတေသနပညာရှင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒေါက်တာ တိုးနန္ဒာတင်က “ကျွန်မ ငါးရှဥ့်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတာဝန်စတင်ယူခဲ့တဲ့အချိန်က ငါးရှဥ့်သားဖောက်လုပ်ငန်းကို လေ့လာဖို့ ဗီယက်နမ်နိုင်ငံကို ၂၀၁၇ ခုနှစ် ဇူလိုင်မှာ ကျွန်မအပါအ၀င် လေးယောက်သွားတယ်။ ဗီယက်နမ်နိုင်ငံ Can Cho တက္ကသိုလ်မှ ပါမောက္ခ Dr.Longက မျိုးရွေးပုံ၊ ဆေးထိုးပုံ၊ အကောင်ဖောက်ပုံ၊ အကောင်ပေါက်ထိန်းသိမ်းပုံ၊ မွေးမြူနည်းတွေကို စနစ်တကျ အသေးစိတ်သင်ကြားပေးလိုက်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံကို ပြန်ရောက်တော့ ရှစ်လပိုင်းရောက်နေပြီ၊ သင်ပေးလိုက်တဲ့အတိုင်း မျိုးရှာရပါတယ်။

 

ငါးရှဥ့်သားပေါက်ချိန်က ငါးလပိုင်းမှတစ်ခါ ခုနစ်လပိုင်း ရှစ်လပိုင်းမှာ တစ်ခါပေါက်တယ်။ တစ်နှစ် နှစ်ကြိမ်၊ ပေါက်တယ်။ စလုပ်တော့ ၁၀ လပိုင်းထဲဝင်နေပြီ။ ဒါပေမယ့် စိတ်မပျက်ပါဘူး။ စမ်းသပ်ဧရိယာအနေနဲ့ အဖွဲ့ချုပ်ရုံးအနောက်မြေကွက်လပ်မှာ အလျား ၂၉ ပေ x အနံ ၁၃ ပေ၊ အနက် ၃ ပေ တူးတယ်၊ ပလတ်စတစ်ခင်း ၀ါးရန်ပြီး လယ်မြေရွှံ့ကိုထည့်တယ်။ ရောင်းတန်းဝင် ၁၅၀ ဂရမ်ကနေ ၂၀၀ ဂရမ်ရှိ အကောင်ရေ ၆၀ ထည့်ပါတယ်။ ကျွန်မတို့က ကိုးလ၊ ဆယ်လပိုင်းမှာမှ စလုပ်တော့ မိုးသက်လေပြင်းကျတယ်၊ ရေမထိန်းနိုင်ဘူး၊ ဒါကြောင့် မနှစ်က ငါးရှဥ့်မပေါက်လိုက်ဘူး။ ဒီလိုနဲ့ပဲ စိတ်ရှည်ရှည်ထား ထိန်းသိမ်းပြုစုလာခဲ့တာ ခုငါးလပိုင်းဆိုရင် ၁၄-၁၅ ရက်မှာ ဥကျတယ်၊ သားပေါက်တယ်၊ ဒီကနေ့ဆို အကောင်ရေ ၄၀၀-၅၀၀ လောက်ရသွားပြီဟု ဖြေကြားခဲ့ပါတယ်။

 

ဒါက ဒေသက သဘာဝအလျှောက်ထွက်ရှိတဲ့ သားစားသယံဇာတ ရေထွက်ပစ္စည်းပါ။ ငါးရှဥ့်ဟာ ကျွန်မတို့ မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ သဘာဝအလျောက်ထွက်ပါတယ်။ မြန်မာနိုင်ငံသားတွေက စားတာနည်းတယ်၊ ငါးရှဥ့်က ဟော်မုန်းအားကောင်းတဲ့ သားစားဓာတ်စာတစ်မျိုးဖြစ်လို့ တရုတ်နိုင်ငံသားတွေ အလွန်ကြိုက်ကြတယ်။

 

ဒါကြောင့် တရုတ်နိုင်ငံကို ပို့ကုန်အဖြစ်ထွက်နေတော့ သဘာဝ ထွက်ရှိမှုရှားလာတယ်။ ငါးရှဥ့်ရောင်းရငွေက တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာတယ်။ တဖြည်းဖြည်းလျော့ကျလာတယ်။ ဒါကြောင့် မွေးမြူခြင်းဖြင့် ၀င်ငွေရမယ့် နည်းပညာတစ်ခု အောင်မြင်ဖို့ ဒေသကထွက်ရှိတဲ့ ငါးရှဥ့်နဲ့ ပထမဦးဆုံး စပြီးသားဖောက်ခဲ့တာ၊ အောင်မြင်တဲ့အတွက် ကြိုးစားရကျိုးနပ်ပါတယ်။ နည်းစနစ်တွေကို စာတမ်းပြုစုသင်ကြား ပေးသွားပါ့မယ်ဟု ဖြေကြားခဲ့ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 13:37
Rate this item
(1 Vote)