Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းဆန်စျေး မြင့်မားမှုကို ထိန်းညှိဆောင်ရွက်ရန် အရန်ဆန်ထားမည်

ပြည်တွင်း ဆန်စျေးမြင့်မားမှုကို ထိန်းညှိဆောင်ရွက်ရန်အတွက် အရန်ဆန်ထားရှိမည်ဖြစ်ကြောင်းသိရသည်။

 

လတ်တလော ပြည်တွင်း၌ နွေစပါးလက်ကျန် နည်းနေပြီမိုးစပါး မပေါ်သေးသည့်ကာလဖြစ်သည့် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများတွင် ဆန်လက်ကျန် နည်းပါးနေသောကြောင့် အရန်ဆန်ထားရှိရန် သက်ဆိုင်ရာဌာနများသို့တင်ပြပြီး၊ ညှိနှိုင်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချူပ်၊ အထွေထွေအတွင်းရေမှူးကပြောသည်။

 

Great Modern

 

ပြည်တွင်းဆန်စျေးနှုန်း မမြင့်တက်စေရန်အတွက် ပြည်တွင်းစားသုံးမှုကို အရန်ဆန်နှင့် ထိန်းညှိသွားရန်ဖြစ်ကြောင်း လက်ရှိစပါးပေါက်စျေးနှုန်းသည် တင်း ၁၀၀ ကို အနိမ့်ဆုံးငွေကျပ် ခုနှစ်သိန်းခွဲကနေ ကိုးသိန်းကျော်အထိ ပေါက်စျေးရှိသောကြောင့် ဆန်စျေးနှုန်း ဆက်တိုက်မြင့်တက်နေကြောင်းသိရသည်။

 

အဆိုပါ ဆန်စျေးနှုန်းများကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ပြည်ပတင်ပို့သည့် ဆန်တန်ချိန်၏ ၁၀ရာခိုင်နှုန်းကို အရန်ဆန်အဖြစ် ထားရှိပြီး၊ ပြည်တွင်းစျေးကွက်၌ ဖြန့်ဖြူးရောင်းချသွားရန် စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။

 

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်အနေဖြင့် ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ လစဉ်ဆန်တန်ချိန် နှစ်သိန်း တင်ပို့ရောင်းချလျက်ရှိပြီး ဆန်တန်ချိန် နှစ်သန်းထိ တင်ပို့ရောင်းချနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။


Source: MDN
Myanmar Food Guide

Read 1656 times Last modified on Tuesday, 20 September 2022 21:31
Rate this item
(0 votes)