Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီဈေး ဆက်တိုက်ကျ

နွေကြက်သွန်နီနှုတ်ချိန်ဖြစ်ပေမယ့် ကြက်သွန်ဈေးနှုန်းကျဆင်းနေတာကြောင့် ကြက်သွန်နီစိုက်တောင်သူတွေ

မရောင်းကြသေးဘဲ လှောင်ထားခြင်း၊ အခင်းထဲက မနှုတ်ဘဲထားခြင်းအားဖြင့် ဈေးပြန်တက်လာမယ့်အချိန်ကို စောင့်ဆိုင်းနေကြကြောင်း သိရပါတယ်။

 

ဖေဖော်ဝါရီလကတည်းက မိုးကြက်သွန်နီတစ်ပိဿာကို ပခုက္ကူကြက်သွန်ဒိုင်ဈေးအရ ကျပ် ၂၀၀၀ အထိ ရှိခဲ့ပြီး ဒီနေ့ကြက်သွန်နီဈေးနှုန်းကတော့ ၆၃၅ ကျပ်ကနေ ၅၅၅ ကျပ်ကြား ရှိနေကြောင်း သိရပါတယ်။

 

ကြက်သွန်နီစိုက်တောင်သူတစ်ဦးဖြစ်က အခုနုတ်နေကြတာကတော့ ဆောင်းတုန်းကစိုက်တဲ့ နွေကြက်သွန်နီပင်တွေပါ။ အပင်က ၃လခွဲလောက်ဆိုနုတ်ရတယ်။

 

နတ်တော်လလောက်ကစစိုက်ပြီး အခုတပေါင်း၊ တန်ခူးလတွေမှာ နုတ်ရပါတယ်။ ယခု ဈေးကမကောင်းသေးတော့ မနုတ်ပဲဒီအတိုင်းထားထားကြတာ။

 

ဈေးမကောင်းလို့ ဈေးပြန်တက်ကို စောင့်နေကြပြီး နုတ်ပြီးတချို့ကလည်း ထုတ်မရောင်းကြဘဲ သိမ်းထားကြကြောင်း နှစ်လလောက်တော့ အပင်စိုက်တွေက သိမ်းထားလို့ရကြောင်း၊ ဈေးက အတော်ကလေးကျသွားပြီး ယခု ဥကောင်းတောင်မှ တစ်ပိဿာကို ၆၀၀ ပတ်ဝန်းကျင်ပဲဈေးရှိကြောင်း ပြောကြားချက်အရ သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 16:53
Rate this item
(1 Vote)