Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Yoma Strategic Holdings က Yankin Kyay Oh Group of Companies (YKKO) ရဲ့ အစုရှယ်ယာ ၆၅% ကို ၀ယ်ယူ

စင်ကာပူ စတော့အိပ်ချိန်းမှာ  စာရင်းဝင် Yoma Strategic Holdings က Yankin Kyay Oh Group of Companies (YKKO)ရဲ့ အစုရှယ်ယာ ၆၅% ကို ၀ယ်ယူလိုက်ကြောင်း

ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တန်ဖိုးအားဖြင့် ကျပ် ၁၉ ဒသမ ၄ ဘီလျံ ရှိပါတယ်။

 

YKKO ဟာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ ဆိုင်စုစုပေါင်း ၃၇ ဆိုင် ဖွင့်လှစ်ထားပါတယ်။ အခုလို ရှယ်ယာဝယ်ယူကြတာ ကြိုက်ရောင်းကြိုက်ဝယ် အရောင်းအ၀ယ် ဖြစ်ခဲ့တာလို့ သိရပါတယ်။  

 

ယခုလို ၀ယ်ယူခြင်းဖြင့် Yoma ရဲ့ စားသောက်ဆိုင်နဲ့ အဖျော်ယမကာကဏ္ဍကို ကြီးမားစေမှာ ဖြစ်ပါတယ်။

 

စားသောက်ဆိုင်လုပ်ငန်းတစ်ခုကို အခုလို တန်ဖိုးဖြင့် ပေးပြီး ၀ယ်ယူတာ တန်ဖိုးအများဆုံး အဖြစ် မှတ်တမ်းဝင်ပါတယ်။  

 

YKKO ရဲ့ စီအီင်္းအို ဒေါ်ယုယုလွင်အနေဖြင့် ကျန်ရှိတဲ့ အစုရှယ်ယာဝေစု ၃၅ % ကို ဆက်လက်ပိုင်ဆိုင်ပါတယ်။

 

သူရဲ့ မိဘတွေဟာ YKKO ကို မိသားစုလုပ်ငန်းအဖြစ် ဆိုင်ငယ်တစ်ခုကို ၁၉၈၈ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ရာမှ စတင်ခဲ့ပါတယ်။

 

အဲဒီ ပထမဆုံး ဖွင့်လှစ်တဲ့ဆိုင်က ရန်ကင်း မှာပါ။ ရန်ကင်းကြေးအိုး ဆိုတဲ့အမည် Yan Kin Kyay Oh ကို အစအက္ခရာများဖြင့် အတိုကောက်ပြုပြီး YKKO လို့ အမည်တွင်ခဲ့ပါတယ်။

 

Yoma Strategic ဟာ စားသောက်ကုန်နဲ့ အဖျော်ယမကာ ကဏ္ဍကို တိုးချဲ့နေတာ တွေ့ရပါတယ်။

 

ပြီးခဲ့တဲ့နှစ်က မုန့်ကြိုးလိမ် အရောင်းဆိုင်တွေ ဖွင့်လှစ်တဲ့ Auntie Anne နဲ့ သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပြီး မြန်မာနိုင်ငံ ဈေးကွက်မှာ ဆိုင်ခွဲဖွင့်လှစ် ရောင်းချခွင့် ရယူခဲ့ပါတယ်။

 

 မြန်မာနိုင်ငံမှာ KFC ဆိုင်ပေါင်း ၂၆ ဆိုင်ကို ဖွင့်လှစ်လုပ်ကိုင်လျက် ရှိပြီး  Little Sheep Hotpot ဆိုင်တွေ ဖွင့်လှစ်သွားဖို့လည်း အစီအစဉ် ရှိပါတယ်။

 

YKKO အနေဖြင့် မြန်မာ အမှတ်တံဆိပ်အဖြစ် ထူထောင်ထားပြီး လူအများက သိထားပြီးဖြစ်လို့ YKKO ရဲ့ အခရာကျတဲ့ တန်ဖိုးထားခြင်းတွေ ဖြစ်တဲ့  အရည်အသွေး၊ သန့်ရှင်းခြင်း၊ ၀န်ဆောင်မှုကောင်းခြင်း စတာတွေကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ YKKO ရဲ့ စီအီးအိုက ပြောကြားခဲ့ပါတယ်။

 

Source: https://www.dealstreetasia.com/stories/yoma-strategic-ykko-120701

Read times Last modified on Monday, 11 February 2019 15:43
Rate this item
(0 votes)